NUG ငွေတိုက်စာချုပ် ဘွန်းတွေ စရောင်းတဲ့ အဖွင့်နေ့မှာ ဒေါ်လာ ၆.၃ သန်းဖိုး ရောင်းရ


NUG က ငွေတိုက်စာချုပ် ဘွန်းတွေ စတင်ရောင်းချလာတဲ့ နိုဝင်ဘာ ၂၂ ၊ မြန်မာအချိန် မနက် ၉ နာရီက စလို့ ၂၄ နာရီ အတွင်း အဖွင့်နေ့မှာတင် ဒေါ်လာ ၆ သန်း ကျော်ဖိုး ရောင်းချရတယ်လို့ ဆိုပါတယ်။

“နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်” ဆိုတဲ့ နာမည်နဲ့ ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန်ဖိုး သတ်မှတ်ထားတဲ့ ၂ နှစ် သက်တမ်း ဘွန်းတွေကို NUG က ရောင်းချတာ ဖြစ်ပြီး၊ နိုင်ငံတကာရောက် မြန်မာတွေ အဓိက ဝယ်ယူကြတာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

ဝယ်ယူသူတွေ အတွက် ဘယ်လို အတိုးနှုန်းထား အကျိုးအမြတ်မှ ခံစားရမှာ မဟုတ်ပေမယ့် စတင် ရောင်းချပြီး ၃ နာရီ အတွင်းမှာကို ဒေါ်လာ ၃ သန်းဖို့ ရောင်းထွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်လာ သန်း တစ်ထောင် (၁ ဘီလီယံ) ဖိုး ထိအောင် ရောင်းချနိုင်ဖို့ NUG ဘက်က ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

တစ်ဦးချင်း၊ တစ်ယောက်ချင်း စိတ်ကြိုက် ဝယ်နိုင်သလို အစုလိုက် စုပေါင်းစပ်ပေါင်းလည်း ဝယ်နိုင်တာမှာ အစုအဖွဲ့ဝင် တစ်ဦးချင်းစီ အနေနဲ့ ဒေါ်လာ ၁၀၀ အနည်းဆုံး ဝယ်ယူဖို့ လိုအပ်တယ်လို့ NUG စီမံ၊ ဘဏ္ဍာနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ထုတ်ပြန် ထားပါတယ်။

BBC Burmese

NUG ငွေတိုက်စာချုပ် ဘွန်းတွေ စရောင်းတဲ့ အဖွင့်နေ့မှာ ဒေါ်လာ ၆.၃ သန်းဖိုး ရောင်းရ  NUG ငွေတိုက်စာချုပ် ဘွန်းတွေ စရောင်းတဲ့ အဖွင့်နေ့မှာ ဒေါ်လာ ၆.၃ သန်းဖိုး ရောင်းရ Reviewed by THITHTOOLWIN on 18:02 Rating: 5

No comments:

Powered by Blogger.