နှစ်လအတွင်း Mytel တာဝါတိုင် ၃၆၂ တိုင် ပျက်စီးခဲ့ဟု အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတကာသံရုံးများကို တိုင်ကြား

ဓာတ်ပုံ- အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် 


နိုဝင်ဘာ ၁၇

ပြီးခဲ့သည့် စက်တင်ဘာနှင့်အောက်တိုဘာ နှစ်လအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲဖျက်ဆီးမှုကြောင့် စစ်တပ်ပိုင် Mytel တာဝါတိုင် ၃၆၂တိုင် ပျက်စီးခဲ့သည်ဟု အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတကာသံရုံးများကို တိုင်ကြားသည့်စာတွင် ဖော်ပြထားသည်။ 

အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်တွင်းရှိ နိုင်ငံတကာသံရုံးများနှင့် ကုလသမဂ္ဂရုံးများကို CRPH, NUGနှင့် PDF များက စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၃၁ရက်အထိ နိုင်ငံအတွင်း လူသတ်ဖျက်ဆီးမှုဟူ၍ စာရင်းပြုပေးပို့မှု ပေါက်ကြားလာခဲ့ခြင်းဖြစ်သည်။ 

ထိုအထဲတွင် မိုင်တဲလ်တာဝါ ၃၆၂ တိုင်ပျက်စီးပြီး ကျပ်ငွေ ၂ ဒဿမ ၅ ဘီလီယံ(ဒေါ်လာတစ်သန်းခွဲ့ခန့်) ဖိုး ဆုံးရှုံးခဲ့သည်ဟု အကြမ်းဖက်စစ်ကောင်စီက ဆိုထားသည်။ 

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးမိုဘိုင်းအော်ပရေတာဖြစ်သည့် ၂၀၁၈ ခုနှစ်က စတင် ပေါ်ပေါက်လာသည့် Mytel ကုမ္ပဏီသည် အကြမ်းဖက်စစ်တပ် ကျောထောက်နောက်ခံဖြစ်ပြီး တပ်အတွက် အဓိက ဝင်ငွေရသည့် လုပ်ငန်းစုတစ်ခုဖြစ်သည်။ ထို့အပြင် စစ်ဗိုလ်ချုပ်ဟောင်းများ၊ စစ်တပ်အရာရှိဟောင်းများစွာက ထိုကုမ္ပဏီတွင် ချယ်လှယ်လုပ်ကိုင်လျက် ရှိသည်။

ထိုသို့သော အကြောင်းအချက်များကြောင့် ပြည်သူများအပေါ် အကြမ်းဖက် နှိပ်စက် သတ်ဖြတ်နေသော အာဏာသိမ်းစစ်ကောင်စီ၏ ဝင်ငွေထောက်တိုင် ပြိုလဲစေရန် ဒေသခံအရပ်သား ကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲဖျက်ဆီးနေခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံတပ်သားများသည် ၎င်းတို့ကျူးလွန်သော လူသတ် လုယက် အကြမ်းဖက်မှု လုပ်ရပ်များကိုမှု နိုင်ငံတကာ သံရုံးများသို့ တိုင်ကြားစာတွင် ထည့်သွင်း ဖော်ပြမှုမပြုခဲ့ပေ။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က စက်တင်ဘာလ ၇ ရက်တွင် နိုင်ငံအနှံ့ စစ်အာဏာရှင်ကို ခုခံတွန်းလှန်စတင်ကြောင်း ကြေငြာခဲ့သည်။ 

ထိုသို့ကြေငြာပြီးနောက် စစ်ကောင်စီ၏ဝင်ငွေထောက်တိုင်များကို ဒေသခံကာကွယ်ရေးတပ်များက ဦးတည်တိုက်ခိုက်ခဲ့ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသည်။


Lu Nge Khit

နှစ်လအတွင်း Mytel တာဝါတိုင် ၃၆၂ တိုင် ပျက်စီးခဲ့ဟု အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတကာသံရုံးများကို တိုင်ကြား နှစ်လအတွင်း Mytel တာဝါတိုင် ၃၆၂ တိုင် ပျက်စီးခဲ့ဟု အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတကာသံရုံးများကို တိုင်ကြား Reviewed by THITHTOOLWIN on 20:16 Rating: 5

No comments:

Powered by Blogger.