သထုံမှာ Mytel တာဝါတိုင်တစ်ခု ဖောက်ခွဲ ဖျက်ဆီးခံရ


သထုံ၊ နိုဝင်ဘာ ၁၆

သထုံမြို့နယ်၊ ကျုံမိန်ကျေးရွာနဲ့ဆူးအင်းရွာကြားရှိ Mytel တာဝါတိုင်တစ်ခု နိုဝင်ဘာလ ၁၆ ရက်နေ့က ဖောက်ခွဲခံရတယ်လို့ သိရပါတယ်။

ယနေ့ နေ့လည်ပိုင်းမှာ  တာဝါတိုင်အနီး မိုင်းဆွဲ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိုင်းဆွဲဖောက်ခွဲခံရတာကြောင့် တာဝါတိုင်အောက်ခြေရှိ စက်ပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့ပြီး တိုင်လဲပြိုကျခြင်းတော့မရှိဘူးလို့ ဆိုပါတယ်။

"ပေါက်ကွဲသံက အကျယ်ကြီးဘဲ ဘာပေါက်မှန်းမသိတာ။ နောက်မှ Mytel တာဝါတိုင်ဖောက်ခွဲခံရတာ သိရတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဆိုပါ Mytel တာဝါတိုင်ကို မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့(MTHSF)အဖွဲ့က ဖောက်ခွဲမှု လုပ်ဆောင်ခဲ့တာပြီး ဖောက်ခွဲမှု Video ဖိုင်ကို MTHSF အဖွဲ့ စာမျက်နှာမှာ တင်ထားတာဖြစ်ပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း ဆင်ကျုံးကျေးရွာက Mytel တာဝါတိုင်း မိုင်းခွဲခံရပေမယ့် ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

သတင်း - သံလွင်တိုင်းမ် - Than Lwin Times 

သထုံမှာ Mytel တာဝါတိုင်တစ်ခု ဖောက်ခွဲ ဖျက်ဆီးခံရ သထုံမှာ Mytel တာဝါတိုင်တစ်ခု ဖောက်ခွဲ ဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 17:12 Rating: 5

No comments:

Powered by Blogger.