Myanmar Plaza ရှိ ဆိုင်ခွဲအချို့ ယာယီပိတ်သိမ်းသွားမည်ဟု ကြေညာချက်များထွက်ပေါ်


(နိုဝင်ဘာလ ၂၅ ရက်)

ဒီနေ့ဖြစ်ပွားခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြလူငယ်များကို ကိုယ်ထိလက်ရောက် ကျူးလွန်၍ ဝိုင်းဝန်ရိုက်နှက်ဖမ်းဆီးပေးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်ကိုအပ်ခဲ့သော မြန်မာပလာဇာအား Social Punishment ပြုလုပ်ပေးကြဖို့ တောင်ဆိုချက်များထွက်ပေါ်လာခဲ့ပြီးနောက် မြန်မာပလာအတွင်းရှိ ဆိုင်အချို့ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင့် ၎င်းတို့၏ ကိုယ်ပိုင် Facebook စာမျက်နှာများမှတစ်ဆင့် ကြေညာချက်များထွက်ပေါ်လာခဲ့ပါသည်။

" ဒီကနေ့ ဖြစ်စဉ်အပေါ် ပြည်သူတစ်ဦးအနေနဲ့ကတော့ လက်ခံနိုင်စရာမရှိပါဘူး ဒါကြောင့် လက်ရှိကတော့ ယာယီပိတ်ထားမှာ Shopping Mall စည်းမျဉ်းဥပဒေ တွေရှိနေသေးတာရယ် နောက်ပြီး ချက်ချင်းကြီး ဆိုင်ဖြုတ်ပစ္စည်းအရွေးအပြောင်းနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ ဆိုင်ဝန်ထမ်းတွေရဲ့ အလုပ်တွေပါ ရပ်တန့်မသွားအောင် Online ကနေ ရောင်းချပေးသွားမှာပါဟု " မြန်မာပလာဇာမှ ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါသည်။

ဒီကနေ့ဖြစ်စဉ်တွင် စစ်အာရှင်ဆန်ကျင့်ရေး ဆန္ဒပြလှုပ်ရှားခဲ့သော လူများကို ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးပေးခဲ့သဖြင့် လူငယ် (၂)ဦး ဖမ်းဆီးခံခဲ့ရကာ ကျန်(၂)ဦးမှာရုန်းထွက်လွတ်မြောက်လာခဲ့ကြောင်းသိရပါသည်။ ဒါပြင် လက်ရှိအနေအထားအရ Myanmar Plaza ၏ Facebook စာမျက်နှာမှာလည်း စက္ကန့်နဲ့အမျှ Like & Follow ကျဆင်းသွားခဲ့သည်ကိုတွေ့ရှိရပါသည်။ 

HTY Information III

Myanmar Plaza ရှိ ဆိုင်ခွဲအချို့ ယာယီပိတ်သိမ်းသွားမည်ဟု ကြေညာချက်များထွက်ပေါ် Myanmar Plaza ရှိ ဆိုင်ခွဲအချို့ ယာယီပိတ်သိမ်းသွားမည်ဟု ကြေညာချက်များထွက်ပေါ် Reviewed by THITHTOOLWIN on 23:12 Rating: 5

No comments:

Powered by Blogger.