မုံးကိုးဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါးသေဆုံးတယ်လို့ MNDAA ပြော


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ကိုးကန့် MNDAA တပ်ဖွဲ့ဝင်တွေကြား နိုဝင်ဘာလ ၂၁ ရက်တုန်းက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးပြီး MNDAA တပ်ဖွဲ့ဝင် ၁ ဦးလည်း သေဆုံးတယ်လို့ MNDAA ဘက်က ပြောလာပါတယ်။

မနေ့ တစ်နေ့တည်းတင် တိုက်ပွဲ ၆ ကြိမ်ဖြစ်ပြီး စစ်ကောင်စီက ရှိကျိကျေတောင်တန်းနဲ့ မန်ရန်ဒေသမှာရှိတဲ့ MNDAA တပ်စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တာဖြစ်တယ်လို့ ကိုးကန့်သတင်းက ဖော်ပြလာတာဖြစ်ပါတယ်။

စစ်ကောင်စီက မန်ရန်တပ်စခန်းကို ၂ ကြိမ် ထိုးစစ်ဆင်လာတာကြောင့် ပြန်လည်တိုက်ခိုက်ချိန် စစ်ကောင်စီဘက်ကကျဆုံးတာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က MNDAA ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ နိုဝင်ဘာလ ၁၉ ရက်ကတည်းက ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မုံးကိုးမှာဖြစ်တဲ့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက စစ်ကောင်စီဘက်ကို ဆက်သွယ်နေပါတယ်။

BBC Burmese

မုံးကိုးဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါးသေဆုံးတယ်လို့ MNDAA ပြော မုံးကိုးဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါးသေဆုံးတယ်လို့ MNDAA ပြော Reviewed by THITHTOOLWIN on 16:28 Rating: 5

No comments:

Powered by Blogger.