စစ်ကောင်စီနှင့် ကိုးကန့်MNDAAတို့ မုံးကိုးခရိုင်ဖောင်းဆိုင်ဒေသ၌ တိုက်ပွဲဖြစ်ပွားပြီး ရွာတွင်းသို့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံး


နိုဝင်ဘာလ ၂၀ ရက်နေ့

ယမန်နေ့ညနေမှ ယနေ့ နံနက်ပိုင်းအထိ  စစ်ကောင်စီ၏တပ်မ (၇၇)သည် မုံးကိုးခရိုင် ၊ ဖောင်းဆိုင်ဒေသ၊ ရှိကျိကျတောင်တန်းနှင့် မန်ရန်ဒေသတွင်ရှိသော ကိုးကန့်MNDAA၏တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။ ထို့ပြင် စစ်ကောင်စီသည်  မန်ရန်တပ်စခန်းကိုလက်နက်ကြီးများ ဖြင့်ပစ်ခတ်တိုက်ခိုက်စဉ်တွင် လက်နက်ကြီးကျည်တစ်လုံးသည်  ရွာတွင်းသို့ကျရောက်ပေါက်ကွဲပြီး  ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးစထိမှန်ပြီး သေဆုံးခဲ့ပါသည်။

ယမန်နေ့ည ၉ နာရီမှ ၁၁ နာရီအထိ စစ်ကောင်စီ၏ တပ်မ(၇၇) လက်အောက်ခံ တပ်ရင်း(၆) သည် ရှိကျိကျတောင်တန်းရှိ ကိုးကန့်MNDAA၏ တပ်စခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။ စစ်ကောင်စီဘက်မှ အကျအဆုံးများပြီး ကိုးကန့်MNDAAဘက်မှ ရဲဘော်တစ်ဦးမှာ ပြည်သူ့အတွက် အသက်စွန့်ခဲ့ရပါသည်။  ယနေ့နံနက် ၆နာရီခန့်တွင်  စစ်ကောင်စီ ၏ တပ်မ(၇၇)လက်အောက်ခံ တပ်ရင်း(၁၀၅)နှင့် တပ်မ(၉၉)လက်အောက်ခံ တပ်ရင်း(၁၅)တို့သည် မန်ရန်ဒေသရှိ ကိုးကန့် MNDAA တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ပြီး စစ်ကောင်စီမှ(၂၀)ကျော် ထိခိုက်သေဆုံးခဲ့ပါသည်။

စစ်ကောင်စီသည် မန်ရန်ကိုထိုးစစ်ဆင်တိုက်ခိုက်လာစဉ် လက်နက်ကြီးများဖြင့် ပစ်ကူပြီး လက်နက်ကြီး ကျည်တစ်လုံး ပန်းမေရွာတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ‌‌ဒေသခံ အမျိုးသမီးတစ်ဦး၏ ဗိုက်တွင် လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးခဲ့ပါသည်။    

စစ်ကောင်စီသည် ရှိကျိကျတောင်တန်းနှင့် မန်ရန်ဒေသကို  အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် ကိုးကန့်MNDAAသည် ဘေးပတ်ဝန်းကျင်ရှိ ရွာသူရွာသားများကို  ဘေးကင်းလုံခြုံ သောနေရာသို့ ထွက်ပြေးသိမ်းရှောင်ရန် စည်းရုံးခဲ့ပါသည်။ အများပြည်သူရွာမှ ထွက်ပြေးသိမ်းရှောင် ချိန်တွင်  ၎င်းအမျိုးသမီးသည် အိမ်တွင်းသို့ကျန်ရှိပြီး နောက်ဆုံးတွင် လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်။


The Kokang

စစ်ကောင်စီနှင့် ကိုးကန့်MNDAAတို့ မုံးကိုးခရိုင်ဖောင်းဆိုင်ဒေသ၌ တိုက်ပွဲဖြစ်ပွားပြီး ရွာတွင်းသို့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံး စစ်ကောင်စီနှင့် ကိုးကန့်MNDAAတို့ မုံးကိုးခရိုင်ဖောင်းဆိုင်ဒေသ၌ တိုက်ပွဲဖြစ်ပွားပြီး ရွာတွင်းသို့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:38 Rating: 5

No comments:

Powered by Blogger.