ကွမ်းလုံဒေသသို့ စစ်ကူလာသည့်စစ်ကား (၂၈) စီးကို MNDAA ကြားဖြတ်တိုက်ခိုက်၊ စစ်ကား (၉) စီးဖျက်စီးနိုင်ခဲ့


ကိုးကန့်၊ နိုဝင်ဘာ ၁၂ 

လူငယ့်ခေတ်

သိန္နီခရိုင် ၊ နမ့်စလပ်မှကိုးကန့် ကွမ်းလုံဒေသသို့ စစ်ကူရန်လာသည့် အကြမ်းဖက်တပ်ဖွဲ့၏ စစ်ကား (၂၈)စီး ကို ကြားဖြတ် တိုက်ခိုက်ပြီး ကိုးစီးကို ဖျက်စီးနိုင်ခဲ့ကြောင်း ကိုးကန့် MNDAAက ယနေ့ (နိုဝင်ဘာ ၁၂ ရက်) ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက ကိုးကန့် ကွမ်းလုံဒေသသို့ လာသည့် စစ်ကားများအနက် (၂) စီးကို ကနဦး ဖျက်ဆီးနိုင်ခဲ့ကြောင်း MNDAA ကဆိုသည်။ထို့နောက် ညနေ ၄ နာရီခန့်က (၃၇) နှင့် (၃၈)မိုင် ကြားတွင် စစ်‌ကောင်စီ၏ ယာဉ်တန်းများကို ပြန်လည်တိုက်ခိုက်ကာ စစ်ကား(၅)စီး ထပ်မံဖျက်ဆီးခဲ့သည်ဟု သိရသည်။

အလားတူ MNDAA၏ မုံးကိုးခရိုင် ၊ ဟွာချောင်ရှာ စွန်း‌တောင်ကုန်းမှ စစ်ကောင်စီ၏စစ်ကူယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ကာ စစ်ကား (၂) စီး ပျက်စီးသွားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သို့သော် ထိုဖြစ်စဥ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများသေဆုံးမှု ရှိ၊မရှိ ကို MNDAA ဘက်က အတည်ပြုခြင်းမရှိသေးပေ။

နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းကစ၍ မုံးကိုးခရိုင် ၊ ပန်ရင်လပရှိ ကိုးကန့်MNDAA၏တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် ညနေ ၄ နာရီခန့်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းလည်း MNDAA က ပြောသည်။

ထို့အပြင် မုံးကိုးခရိုင် မန်ဖာဒေသ နှင့် သိန္နီခရိုင်ပန်လုံရွာ တို့တွင်လည်း စစ်ကောင်စီ နှင့် MNDAA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။


Lu Nge Khit


ကွမ်းလုံဒေသသို့ စစ်ကူလာသည့်စစ်ကား (၂၈) စီးကို MNDAA ကြားဖြတ်တိုက်ခိုက်၊ စစ်ကား (၉) စီးဖျက်စီးနိုင်ခဲ့ ကွမ်းလုံဒေသသို့ စစ်ကူလာသည့်စစ်ကား (၂၈) စီးကို MNDAA ကြားဖြတ်တိုက်ခိုက်၊ စစ်ကား (၉) စီးဖျက်စီးနိုင်ခဲ့ Reviewed by THITHTOOLWIN on 19:35 Rating: 5

No comments:

Powered by Blogger.