စစ်ကောင်စီနဲ့ KNLA, KRF ပူးပေါင်းတပ်တို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၂)ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရ


နိုဝင်ဘာ ၂၆ ရက်၊ ကျိုက်ထို

မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ စစ်ကောင်စီတပ်ကို ကရင်တပ်မတော် (KNU/KNLA)နဲ့ ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ပူးပေါင်းတပ်တို့ တိုက်ခိုက်ရာ စစ်တပ်ဘက်က (၁၂)ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသူအပြင် (၁၀)ဦး ဒဏ်ရာရခဲ့တယ်လို့ KRF က ဒီနေ့ညနေမှာ ထုတ်ပြန်လာပါတယ်။

ကျိုက်ထိုမြို့နယ် မုပ္ပလင်ရွာ တောရကျောင်းကွေ့အနီး မနေ့ နိုဝင်ဘာ ၂၅ ရက် နေ့လယ်က တိုက်ပွဲမှာ (၁၀)ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မနေ့ နေ့လယ်က MyTel ကေဘယ်ကြိုးကို ဖောက်ခွဲဖျက်ဆီးပြီးနောက် စစ်ဆေးဖို့ ရောက်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဖောက်ခွဲရာ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။

Shwe Phee Myay News Agency 

စစ်ကောင်စီနဲ့ KNLA, KRF ပူးပေါင်းတပ်တို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၂)ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရ စစ်ကောင်စီနဲ့ KNLA, KRF ပူးပေါင်းတပ်တို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၂)ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 04:34 Rating: 5

No comments:

Powered by Blogger.