အကြမ်းဖက်စစ်တပ်ကား ၂၀ ပါ ယာဉ်တန်းကို KIA တိုက်ခိုက်ရာ ထိခိုက်​သေဆုံးမှုရှိနိုင်ပြီး သုံးစီးပျက်စီး


ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၈) နယ်မြေအတွင်း စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်း ယနေ့နံနက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှု ရှိနိုင်ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။

 KIA တပ်မဟာ(၈) တပ်ရင်း (၃၅)နယ်မြေ မိုင်းညှင်းနင့် နမ့်မား ဒေသကြားသို့ နိုဝင်ဘာ ၂၉ရက် နံနက် ၇နာရီခန့်က စစ်ကောင်စီတပ်မ ကား အစီး ၂၀ နင့် စစ်အင်အား၊ စစ်အသုံးအဆောင် ပစ္စည်းမား၊ စားနပ်ရိက္ခာများ တင်ဆောင်လာပြီး စစ်ရေးလှုပ်ရှားလာ၍ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ယာဉ်တန်းကို တိုက်ခိုက်ရာ   စစ်ကားသုံးစီးကို တိုက်ခိုက်နိုင်ခဲ့ပြီး  အာဏာသိမ်းစစ်ကောင်စီဘက်မှအကျအဆုံးရှိကြောင်း၊  အာဏာသိမ်းစစ်ကောင်စီတပ်မှ ကချင်ပြည်နယ်သို့ ခြေလျင်၊ စစ်ကား၊ သင်္ဘောများ ဖြင့် စစ်ရေးအဆက်မပြတ်လှုပ်ရှား မှုများရှိနေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။


People's Spring 

အကြမ်းဖက်စစ်တပ်ကား ၂၀ ပါ ယာဉ်တန်းကို KIA တိုက်ခိုက်ရာ ထိခိုက်​သေဆုံးမှုရှိနိုင်ပြီး သုံးစီးပျက်စီး အကြမ်းဖက်စစ်တပ်ကား ၂၀ ပါ ယာဉ်တန်းကို KIA တိုက်ခိုက်ရာ ထိခိုက်​သေဆုံးမှုရှိနိုင်ပြီး သုံးစီးပျက်စီး Reviewed by THITHTOOLWIN on 00:03 Rating: 5

No comments:

Powered by Blogger.