ဖားကန့် စစ်ကောင်စီ တပ်စခန်း ၃ ခုကို KIA တိုက်ခိုက်ဖျက်စီး


November 14, 2021/ KNG

ဖားကန့်မြို့နယ် စစ်ကောင်စီတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်း တစ်ချိန်းတည်း တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကံဆီးကျေးရွာနှင့် ၁၀ မိုင်ခန့်ရှိသော နမ့်ဂျန် (Nam Jan)၊ ဆိုင်းရာ(Seng Ra) နှင့် အောင်လဲန့် (Aung Len)စသော ကျေးရွာတွင် တပ်စွဲအခြေချထားသည့် စစ်ကောင်စီ တပ်စခန်း များကို KIA တပ်မဟာ (၉) လက်အောက်အဖွဲ့က သွားရောက် သိမ်းပိုက်ခဲ့သည်ဟု ကံဆီးဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

"မနေ့ညနေ ၆နာရီအထိ လက်နက်သံတွေအကျယ်ကြီးကြားရတယ်။ ဒီမနက်လည်း ၆နာရီကနေပြန်ကြားရတယ်။ ၉နာရီလောက်မှာ အခုတိုက်ပွဲဖြစ်တဲ့နေရာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်း ၃နေရာကို KIA က သိမ်းလိုက်ပြီလို့ ကြားတယ်။ အခုဆို တိုက်ပွဲလည်း ငြိမ်သွားပြီ"ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဘက်သို့ ယနေ့ နံနက် ၉ နာရီခန့်က အာဏာသိမ်းစစ်ကောင်စီဘက်မှ ရဟတ်ယာဥ် ၂စီးဖြင့်  လာရောက်ဗုံးကြဲခဲ့ပြီး ဖားကန့် စစ်ဗျူဟာကုန်းနှင့် ကံစီးတပ်စခန်း ၂ခုမှ လက်နက်ကြီးများ ပစ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်း ၄ နာရီခန့်မှ ယနေ့နံနက် မိုင်းလင်းချိန်ထိ တိုက်ပွဲဖြစ်ပွားပြီးနောက် စခန်း ၃ ခု သိမ်းနိုင်ခဲ့ကြောင်း ဒေသခံများခံမှ တစ်ဆင့်သိရသည်။

သို့သော် အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ စခန်း ၃ခုကို KIA က သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းနှင့်ပတ်သက်ပြီး KIA ဗဟိုဌာနချုပ်​၏ အတည်ပြုချက်ကို မရသေးပါ။

စစ်ကောင်စီမှ ဖားကန့်မြို့နယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ပြီးနောက်ပိုင်း စစ်ရေးငြိမ်သက်သွားရာမှ ယမန်နေ့ည စစ်ကောင်စီ စခန်း ၃ ခုကို KIA က တိုက်ခိုက် ဖျက်စီးခဲ့ခြင်းဖြစ်သည်။

Kachin News Group 

ဖားကန့် စစ်ကောင်စီ တပ်စခန်း ၃ ခုကို KIA တိုက်ခိုက်ဖျက်စီး ဖားကန့် စစ်ကောင်စီ တပ်စခန်း ၃ ခုကို KIA တိုက်ခိုက်ဖျက်စီး Reviewed by THITHTOOLWIN on 18:20 Rating: 5

No comments:

Powered by Blogger.