ကသာမြို့နယ်ထဲက စစ်ကောင်စီတပ်များကိုKIAနဲ့ ကသာPDF ပူးပေါင်းအဖွဲ့ကတိုက်ခိုက် စကစတပ်သား ၅ဦး ကျဆုံး

ဓာတ်ပုံ-တိုက်ပွဲတစ်ခုအတွင်းမှ KIA စစ်သားတစ်ဦး

နိုဝင်ဘာ ၂၀

ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၄နာရီ အချိန်ခန့်တွင် မိုးတားလေးကျေးရွာ တောင်ပေါ်ကျောင်းမှာတပ်ဆွဲထားသော စကစများ ထွက်သွားသည်ဟုသတင်းရရှိသဖြင့်  KIAနဲ့ ကသာPDF လှုပ်ရှားသော ကသာပကဖအဖွဲ့များစစ်ကြောင်းမှ လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့ကြောင်း katha revolution က ထုတ်ပြန်သည်။ 

မွန်းလွဲ ၂နာရီခန့်တွင် ကသာမြို့နယ်ချောင်းဝကျေးရွာ နှင့် ဆင်ကုန်တိုင်ကျေးရွာကြား နှောတန်းတွင် စကစများစစ်ကြောင်းကို KIA+ကသာPDF.  ကသာပကဖအဖွဲ့များမှ စတင်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နိုင်ခဲ့ပြီး စကစများ၏ အကျအဆုံးများမသိရသေးဘူလို့ ၎င်းကဆက်လက် ထုတ်ပြန်သည်။ 

"ကျွန်တော်တို့ သတင်းရတာနဲ့ ဒေသခံ ပြည်သူတွေကသွားရာလမ်းကြောင်းကို တဆင့် တဆင့် သတင်းပေးကြတော့ ဖြတ်ပြီး လက်ဦးမှုယူ တိုက်ခဲ့ကြတာပါ။ လက်နက်ကြီးတွေလဲ ပစ်နိုင်ခဲ့တယ်။ တစ်ဖက်ရွာနားမှာ သူတို့တပ်ရှိနေတော့ မိမိဘက် ထိခိုက်မှု မရှိအောင်လဲ တပ်ဆုပ်နိုင်ခဲ့ပါတယ်။ ရန်သူဖက်တော့ အနည်းဆုံး ၅ယောက် ​ထက်မနည်း ကျမှာပါ၊ ဒဏ်ရာတော့ တော်တော်ရကြမယ်ထင်ပါတယ်"ဟုကသာPDFက ဆိုသည်။

ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲရင်ဆိုင်နေရသည့်တပ်မှာ တပ်မ ၈၈ လက်အောက်ခံ  တပ်ရင်း ၄၁၆ ဖြစ်ပြီး ၁၈.၁၁.၂၀၂၁ ရက်နေ့က ၎င်းတပ်မှ တပ်သား  ၃ ဦး ထွက်ပြေးလာပြီး ကသာPDF ကစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

တပ်ရင်း ၄၁၆တပ်မှာအင်အားအလွန်နည်းပါးနေပြီဖြစ်ပြီးယခု အချိန်မှာခန့်မှန်းအင်အား ၅၇ ယောက်သာရှိတော့ကြောင်း Katha Revolution ကထုတ်ပြန်ထားသည်။


Zayartime Media-ဇေယျာတိုင်း မီဒီယာ

ကသာမြို့နယ်ထဲက စစ်ကောင်စီတပ်များကိုKIAနဲ့ ကသာPDF ပူးပေါင်းအဖွဲ့ကတိုက်ခိုက် စကစတပ်သား ၅ဦး ကျဆုံး ကသာမြို့နယ်ထဲက စစ်ကောင်စီတပ်များကိုKIAနဲ့ ကသာPDF ပူးပေါင်းအဖွဲ့ကတိုက်ခိုက် စကစတပ်သား ၅ဦး ကျဆုံး Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.