အသံထက် အဆပေါင်းများစွာ ပိုမြန်တဲ့ hypersonic ဒုံးကျည် ရုရှားထပ်မံစမ်းသပ်

ကမ္ဘာအင်အားကြီး နိုင်ငံတွေ အဆင်မြင့် လက်နက်တွေ အပြိုင် ထုတ်လုပ်နေချိန်မှာ ရုရှားနိုင်ငံက အသံထက် အဆပေါင်းများစွာ ပိုမြန်တဲ့ Zircon hypersonic ဒုံးကျည် တစင်းကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်လိုက်တယ်လို့ တနင်္လာနေ့မှာ ပြောပါတယ်။

ရုရှား၊ အမေရိကန်၊ ပြင်သစ်နဲ့ တရုတ်တို့က ဒီလို အသံထက် ၅ ဆ မြန်တဲ့ hypersonic ယာဉ်တွေ ထုတ်လုပ်ရေး ယှဉ်ပြိုင် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

ဒီထဲမှာ ရုရှားက အခုလို Zircon ဒုံးကျည်ကို Admiral Groshkov ရေတပ် သဘောင်္ကနေ ကီလိုမီတာ ၄၀၀ (မိုင် ၂၅၀) အကွာက ပစ်မှတ်ကို ပစ်ခတ်ခဲ့တာ အောင်မြင် ထိမှန်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီး ဌာနက ဆိုပါတယ်။

ရုရှားနိုင်ငံဟာ စစ်သဘောင်္တွေ၊ ရေငုပ်သဘောင်္တွေမှာ Zircon ဒုံးကျည် တပ်ဆင်နိုင်ရေး အတွက် စမ်းသပ်မှုတွေ အကြိမ်ကြိမ် ပြုလုပ်နေခဲ့တာပါ။

ဒီလက်နက်သစ် တည်ဆောက်မှုကို သမ္မတ Putin က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ တုန်းက နိုင်ငံတော် အခြေပြ မိန့်ခွန်း တရပ်မှာ ထည့်သွင်း ပြောကြားခဲ့ပြီး ဒီလက်နက်ဟာ အသံထက် ၉ ဆ မြန်တဲ့နှုန်းနဲ့ မိုင် ၆၂၀ ဝေးတဲ့ ပစ်မှတ်ကို ပစ်ခတ်နိုင်မယ်လို့ ဆိုခဲ့ပါတယ်။ အခုအချိန်ထိတော့ ဘယ် ပြိုင်ဘက် နိုင်ငံကမှ ရုရှားလို စမ်းသပ်နိုင်ကြခြင်း မရှိသေးပါဘူး။ 

ဗွီအိုအေ (မြန်မာပိုင်း)

အသံထက် အဆပေါင်းများစွာ ပိုမြန်တဲ့ hypersonic ဒုံးကျည် ရုရှားထပ်မံစမ်းသပ် အသံထက် အဆပေါင်းများစွာ ပိုမြန်တဲ့ hypersonic ဒုံးကျည် ရုရှားထပ်မံစမ်းသပ် Reviewed by THITHTOOLWIN on 07:24 Rating: 5

No comments:

Powered by Blogger.