CNDF မှ ဖလမ်း စကစရဲတပ်သားတစ်ဦးအား ဖမ်းဆီးစစ်ဆေး


ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ခွဲမှ ရဲတပ်သား မောင် ရာလ်လှေထန်း၊ ကိုယ်ပိုင်အမှတ်-၂၈၂၂၉၇ သည် CDM ပြုလုပ်မည့် ၀န်ထမ်းများ၏ သတင်းအချက်အလက်များ စုံစမ်းခြင်း၊ CNDF ၏ အင်အားမည်မျှရှိသည်ကို စုံစမ်းခြင်း၊ ၎င်း အနီးပတ်၀န်းကျင်ရှိ မိဘပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေခြင်းတို့ကြောင့် (၁၈/၁၁/၂၀၂၁) ရက်နေ့တွင် ဖလမ်းမြို့နယ် တစ်နေရာ၌ CNDF မှ ဖမ်းဆီးခေါ်ဆောင် ထိန်းသိမ်းကြောင်း CNDF ထုတ်ပြန်သည်။

CDM ပြုလုပ်ခြင်းမရှိပဲ အကြမ်းဖက် စစ်ကောင်စီအား ပံ့ပိုးပေးလျက်ရှိသော အကြမ်းဖက်လက်ပါးစေ အဆိုပါ ရဲ၀န်ထမ်းအား နိုင်ငံတကာ စစ်ခုံရုံး စစ်ဥပဒေနဲ့အညီ ရေးဆွဲထားသော CNO/CNDF စစ်ဥပဒေဖြင့် လုံခြုံသည့် တစ်နေရာတွင်  လိုအပ်‌သည့် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ကာ ထိန်းသိမ်းထားသည် ဟု CNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဖလမ်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှ ၀န်ထမ်းများအား မတရားအာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်၍ Civil Disobidience Movement တွင် ပါ၀င်ကြရန်၊ ထိုသို့ လိုက်နာမှုမရှိသူများကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း CNO/CNDF မှ စက်‌တင်ဘာလတွင် နောက်ဆုံးအကြိမ် သတိပေး ထုတ်ပြန်ခဲ့သည်။

Chin News Journal - CNJ

CNDF မှ ဖလမ်း စကစရဲတပ်သားတစ်ဦးအား ဖမ်းဆီးစစ်ဆေး CNDF မှ ဖလမ်း စကစရဲတပ်သားတစ်ဦးအား ဖမ်းဆီးစစ်ဆေး Reviewed by THITHTOOLWIN on 16:40 Rating: 5

No comments:

Powered by Blogger.