CDF ရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင် စီရဟတ်ယာဥ် (၁) စီး မီးခိုးများထွက်ကာ ကျောက်ထုလေယာဥ်ကွင်းသို့ အရေးပေါ်ဆင်းသက်ခဲ့ရ


နိုဝင်ဘာ ၂၀၊

မကွေးတိုင်း၊ဆောမြို့နယ်အတွင်း နိုဝင်ဘာလ (၁၉) ရက်နေ့က တိုက်ပွဲတွင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF ရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ရဟတ်ယာဥ်တစ်စီး ထိခိုက်မှုရှိခဲ့ပြီး  မီးခိုးတလူလူဖြင့် ကျောက်ထုလေယာဥ်ကွင်းသို့ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ဆော PDF က သတင်းထုတ်ပြန်သည်။

အဆိုပါရဟတ်ယာဥ်မှာ မည်သည့်အမျိုးအစားဖြစ်ကြောင်းနှင့် ထိခိုက်ပျက်ဆီးမှုအခြေအနေကို ထုတ်ပြန်ထားခြင်းမရှိပါ

သို့သော် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဆောမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီက Mi 35 ယာဥ်အမျိုးအစားကိုအသုံးပြု၍ လေကြောင်းမှပစ်ခတ်တိုက်မှုများပြုလုပ်ခဲ့သည်။

ဆောမြို့နယ်၊ သံပုရာကျေးရွာအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား များကိုလည်း ယမန်နေ့ ညနေ (၅) နာရီအချိန်က   PDF-(SAW)၊ PDF-(Kyaukhtu)၊CDF -(Mindat)၊နှင့်YDF- (Saw) အဖွဲ့တို့က တိုက်ခိုက်ခဲ့​ကြကြောင်းသိရသည်။

ထို့အပြင် PDF-(SAW) မှ လက်နက်ကြီးဖြင့်  ပစ်ခတ်ကာ PDF-(Kyaukhtu) ထောင်ထားသည့် မိုင်းများ ပေါက်ကွဲခဲ့မှုများ​ကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရမှု ရှိနိုင်ကြောင်းသိရသည်။

တိုက်ခိုက်မှုများအပြီး PDF၊ CDF၊ YDF ရဲဘော်အားလုံး အထိအခိုက် ဒဏ်ရာရမှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ထားသည်။


𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

CDF ရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင် စီရဟတ်ယာဥ် (၁) စီး မီးခိုးများထွက်ကာ ကျောက်ထုလေယာဥ်ကွင်းသို့ အရေးပေါ်ဆင်းသက်ခဲ့ရ CDF ရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင် စီရဟတ်ယာဥ် (၁) စီး မီးခိုးများထွက်ကာ ကျောက်ထုလေယာဥ်ကွင်းသို့ အရေးပေါ်ဆင်းသက်ခဲ့ရ Reviewed by THITHTOOLWIN on 20:07 Rating: 5

No comments:

Powered by Blogger.