ခမရ ၃၆၃ က တပ်ကြီးကြီးအပါအ၀င် သုံးဦး CDF - KKGဆီ ခိုလှုံလာ

ကလေး၊ နိုဝင်ဘာ ၃၀၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အင်ဒိုင်းလေး အခြေစိုက် ခမရ ၃၆၃ ခြေမြန်တပ်ရင်းကတပ်ကြပ်ကြီးအပါအ၀င် သုံးဦးဟာ စစ်ကောင်စီကိုဆန့်ကျင်ပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ( CDF - KKG) ဆီကို ခိုလှုံလာတယ်လို့ သိရပါတယ်။ 

ခမရ ၃၆၃ က တပ်ကြပ်ကြီးစာရေးဖြစ်သူ (ကိုယ်ပိုင်အမှတ် တ/၄၉၇၉၇၆) Mang Bawi Hring နဲ့ အခြားနှစ်ဦးတို့ဖြစ်ပြီး နို၀င်ဘာ ၃၀ရက် ဒီနေ့မှာ ခိုလှုံလာတာဖြစ်တယ်လို့ CDF-KKGတာဝန်ခံကပြောပါတယ်။

" သူတို့လက်ရှိလုပ်နေရတဲ့အလုပ်ကနေအာဏာဖီဆန်ပြီးတော့ ဒီဘက်ကိုအလင်းဝင်လာကြတာ၊ " လို့သူကပြောပါတယ်။

Mang Bawi Hring နဲ့အတူ အလင်း၀င်လာသူနှစ်ဦးနဲ့ပက်သက်တဲ့ အချက်အလက်တွေကိုတော့ လုံခြုံရေးအရ သီးခြားပြောပြခြင်းမရှိသေးဘူးလို့ CDF-KKGတာဝန်ခံက ဆက်ပြောပါတယ်။

ယခုအချိန်ထိ CDF - KKG ဆီကို အလင်းဝင်ရောက်လာသူ ၆ ဦးထိရှိပြီး လက်နက်၊ကျည်အပြည့်အစုံနဲ့ ဝင်ရောက်လာသူတွေကိုလည်း လုံခြုံစိတ်ချရတဲ့ နယ်မြေကို ပို့ဆောင်ပေးသွားမှာဖြစ်သလို ထိုက်သင့်တဲ့ဆုကြေးကိုလည်း ချီးမြင့်သွားမှာဖြစ်တယ်လို့ CDF-KKG ကသတင်းထုတ်ပြန်ထားပါတယ်။

မြေလတ်အသံ - Myaelatt Athan 


ခမရ ၃၆၃ က တပ်ကြီးကြီးအပါအ၀င် သုံးဦး CDF - KKGဆီ ခိုလှုံလာ ခမရ ၃၆၃ က တပ်ကြီးကြီးအပါအ၀င် သုံးဦး CDF - KKGဆီ ခိုလှုံလာ Reviewed by THITHTOOLWIN on 18:03 Rating: 5

No comments:

Powered by Blogger.