တမူးမြို့ ချောင်းနက်ကြီးရဲကင်းကို ကျောင်းသားတပ်ခွဲ (BSO)အဖွဲ့က ဝင်ရောက်တိုက်ခိုက်(ရုပ်သံ)

တမူးမြို့ ချောင်းနက်ကြီးရဲကင်းကို ကျောင်းသားတပ်ခွဲ (BSO)အဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ်/Video -  BURMESE_STUDENTS_ORGAIZATIOIN_BSO

 နိုဝင်ဘာ - ၂၉

စစ်ကိုင်းတိုင်း တမူးမြို့ ချောင်းနက်ကြီးရဲကင်းကို ယနေ့ နိုဝင်ဘာ(၂၉)ရက် မနက်ပိုင်းတွင် နွေဦးတော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့ တစ်ခုဖြစ်သော BURMESE STUDENTS ORGAIZATIOIN (BSO)အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် နှစ်ဦး သေပြီး လက်နက်အချို့ သိမ်းယူနိုင်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် ကျောင်းသားတပ်ခွဲ (BSO) မှ တပ်ဖွဲ့ဝင်ရဲဘော်များ တစုံတရာ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၂၂)ရက်ကည်း အိန္ဒိယ-မြန်မာ နယ်စပ် နမူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး (လဝက ရုံး) အနီးရှိ ရဲကင်းကို ကျောင်းသားတပ်ခွဲ (BSO) မြေပြင်လှုပ်ရှားရေးအဖွဲ့က ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့သေးသည်။



Mandalay Free Press - MFP

တမူးမြို့ ချောင်းနက်ကြီးရဲကင်းကို ကျောင်းသားတပ်ခွဲ (BSO)အဖွဲ့က ဝင်ရောက်တိုက်ခိုက်(ရုပ်သံ) တမူးမြို့ ချောင်းနက်ကြီးရဲကင်းကို ကျောင်းသားတပ်ခွဲ (BSO)အဖွဲ့က ဝင်ရောက်တိုက်ခိုက်(ရုပ်သံ) Reviewed by THITHTOOLWIN on 23:23 Rating: 5

No comments:

Powered by Blogger.