တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးကို အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ခွင့်မရ


မြန်မာစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်မရဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဒီနေ့(နိုဝင်ဘာ ၂၂ ရက်)ကျင်းပတဲ့ တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်အားလုံး တက်ရောက်ကြပေမယ့် မြန်မာအကြမ်း ဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးခဲ့တာဖြစ်ပါတယ်။

အစောပိုင်းသတင်းတွေအရ တရုတ်အထူးကိုယ်စားလှယ်က တရုတ်-အာဆီယံထိပ်သီးအစည်း အဝေးကို မြန်မာအကြမ်းဖက်ခေါင်းဆောင်တက်ရောက်ခွင့်ရရေးစည်းရုံးခဲ့ပေမယ့် အာဆီယံနိုင် ငံအချို့က ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံအတိုင်း ဆက်လက်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါ တယ်။

အကြမ်းဖက်မြန်မာစစ်ခေါင်းဆောင်ကို ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့်ကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပိတ်ပင်ခဲ့ပါတယ်။အာဏာလု​ခေါင်း​ဆောင်ကိုဒီလို တက်​ရောက်ခွင့်မ​ပေးတာဟာအာဆီယံအတွက် သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

People's Spring 

တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးကို အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ခွင့်မရ တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးကို အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ခွင့်မရ Reviewed by THITHTOOLWIN on 16:55 Rating: 5

No comments:

Powered by Blogger.