လွိုင်ကော်မြို့နယ်ရှိ လျှပ်စစ်တာဝါတိုင်ကြီး နှစ်ခု ဖျက်ဆီးခံရ


ဖျက်ဆီးခံရသော လျှပ်စစ်ဓတ်အားပေး တာဝါတိုင်ကြီး နှစ်ခုအားမြင်ရစဉ် (ဓာတ်ပုံ-CJ)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ဆော်ခီးဒေါနဲ့ ဒေါလိုရှေးကျေးရွာအကြားက လျှပ်စစ်ဓတ်အားပေး တာဝါတိုင်ကြီး နှစ်ခု ဖျက်ဆီးခံရမှုကို ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ ဓတ်တိုင်လဲသွားတာတော့ သိရတယ်။ ဒါပေမယ့် အဲ့ဒီကိစ္စက ဘာမှ သေချာတော့ မသိရဘူး။ ဖျက်ဆီးခံရလို့ လဲသွားတာတော့ သေချာတယ်။” လို့ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြု ပြောကြားပါတယ်။ 

အဆိုပါတာဝါကြီးရဲ့ ဓတ်အားလိုင်းဟာ ကယားပြည်နယ်၊ လောပီတ အမှတ် (၁) ဓတ်အားပေးစက်ရုံမှ နေပြည်တော်၊ ရန်ကုန်၊ မန္တာလေး စတဲ့ မြို့နယ်တွေကို ဓတ်အားပေးပို့နေတဲ့ တာဝါတိုင်ကြီး ၂ ခု ဖြစ်တယ်လို့လည်း သိရပါတယ်။ 

“ မနေ့ညက မီးပျက်တယ်။ မနက်အထိလေ။  မီးအခြေက ည နာရီမမှတ်မိလို့ ပျက်သွားတယ်။

မနက် ၈နာရီ ခွဲလောက်ပြန်လာတယ်။ ခုတော့ပုံမှန်ပါပဲ။ ဒါမဲ့ မီး ထပ်ပျက်မှာတော့စိုး ရိမ်နေရတာပေါ့။” လို့ လွိုင်ကော်မြို့နေ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးကလည်း တာဝါတိုင်ကြီး ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး ပြောသွားတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်အတွင်းမှာလည်း လျှပ်စစ်မီး မရရှိတာ လနဲ့ချီကြာနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။


Kantarawaddy Times 

လွိုင်ကော်မြို့နယ်ရှိ လျှပ်စစ်တာဝါတိုင်ကြီး နှစ်ခု ဖျက်ဆီးခံရ လွိုင်ကော်မြို့နယ်ရှိ လျှပ်စစ်တာဝါတိုင်ကြီး နှစ်ခု ဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.