ရွာငံမြို့နယ်အတွင်း စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ ဓါးဖြင့်ထိုးသတ်ခံရ


သျှမ်းသံတော်ဆင့်၊ နိုဝင်ဘာလ (၁၀)ရက်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာမှ ဒလန်ဟု သတ်မှတ်ခံရသူသည် ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) ညနေ(၃)နာရီခွဲဝန်းကျင်တွင် ၎င်း၏နေအိမ်အတွင်း၌ရှိနေစဉ် အသတ်ခံလိုက်ရကြောင်း သိရသည်။

အသတ်ခံရသူမှာ ကိုနိုင်ဦး ဖြစ်ပြီး ယခင်က စစ်သားလုပ်ခဲ့ဖူးသူဖြစ်ကြောင်း ရွာငံဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အသတ်ခံရသူက အရင် စစ်သားတွေကို ရွာထဲခေါ်ဝင်ဖူးတယ်၊ မနေ့ ညနေကတော့ လူသုံးဦးက အိမ်ဝိုင်းထဲဝင်လာပြီး ဓါးနဲ့ ထိုးသတ်သွားတာ၊ Dead Body ကတော့ လူမှုကူညီရေးအသင်းက လာယူသွားတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သတ်ခံရသူသည် စစ်မှုထမ်းဟောင်း တစ်ဦး ဖြစ်ပြီး ထိုကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျသူဖြစ်သည်။

“သူက ဗမာပြည်ဘက်ကတက်လာပြီး ဒီက ရွာသူနဲ့ အိမ်ထောင်ကျနေတာ၊ သူ့ကို ဘယ်အဖွဲ့က ဘာကြောင့်သတ်သွားမှန်းတော့ ကျနော်တို့လည်း မသိရဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရွာငံမြို့နယ်အတွင်း စစ်ကောင်စီတို့သည် ပြည်သူ့နေအိမ်များအား ဝင်မွှေခြင်း၊ ရွာသားအချို့အား ဖမ်းဆီးခြင်း၊ ညဘက် သေနတ်ပစ်ဖောက်ခြောက်လန့်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

ရွာငံမြို့နယ်အတွင်း စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ ဓါးဖြင့်ထိုးသတ်ခံရ ရွာငံမြို့နယ်အတွင်း စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ ဓါးဖြင့်ထိုးသတ်ခံရ Reviewed by THITHTOOLWIN on 20:20 Rating: 5

No comments:

Powered by Blogger.