ဆိုင်ကယ်ရပ်မပေးလို့ ၁၃ နှစ်အရွယ် ကလေးငယ်တဦးကို ရဲက သေနတ်နဲ့ပစ်


နတ်တလင်း၊ နိုဝင်ဘာ ၁၄ ၊ ၂၀၂၁။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်ရဲစခန်းရှေ့မှာ ကလေးငယ်တဦးမောင်းလာတဲ့ ဆိုင်ကယ်ကိုတားဆီးရာ ရပ်မပေးတဲ့အတွက် ရဲကသေနတ်နဲ့ပစ်ခတ်ခဲ့လို့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

တောင်ညိုမြို့သစ်အောင်ဇေယျ ၇ လမ်းမှာနေတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦးဖြစ်ပြီး စိုးရိမ်ရတဲ့အတွက်ပြည်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

"သူတို့ရဲစခန်းရှေ့ကို ကောင်လေးက ဆိုင်ကယ်မောင်းသွားတာ သူတို့ကရပ်ခိုင်းတာ ရပ်မပေးလို့ဆိုပြီး ပစ်တာတဲ့ ပြည်ဆေးရုံကို တင်သွားတယ်လို့ ကြားတယ်"လို့ CDMလုပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီရဲစခန်းဟာ တောင်ညိုဆည်အနီးမှာတည်ရှိပြီး ပဲခူးရိုးမကထွက်တဲ့ ကျွန်းနဲ့ပျဉ်းကတိုးတွေကို သစ်ခိုးသူတွေနဲ့ပူးပေါင်းကာ လိုင်းကြေးတောင်းခံနေတဲ့ စခန်းတခုလည်းဖြစ်ကြောင်း သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan 

ဆိုင်ကယ်ရပ်မပေးလို့ ၁၃ နှစ်အရွယ် ကလေးငယ်တဦးကို ရဲက သေနတ်နဲ့ပစ် ဆိုင်ကယ်ရပ်မပေးလို့ ၁၃ နှစ်အရွယ် ကလေးငယ်တဦးကို ရဲက သေနတ်နဲ့ပစ် Reviewed by THITHTOOLWIN on 20:12 Rating: 5

No comments:

Powered by Blogger.