ဝက်လက်မြို့နယ်တွင် စစ်ကောင်စီကား မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၈ဦီးခန့် ထိခိုက်ဒဏ်ရာရ


နိုဝင်ဘာလ ၂၈၊ SGG

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာတဲ့ Express ကား မိုင်းခွဲတိုက်ခိုက်ခံရပါတယ်။

နိုဝင်ဘာလ ၂၇ရက်၊ ည၉နာရီ ဝန်းကျင်ခန့်က စစ်ကိုင်းမြို့နယ်မှ ရွှေဘိုမြို့နယ်ဦးတည်ထွက်ခွာလာသည့် Express ကား ၃စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။

ယမန်နေ့ ည ၉နာရီ ၄၅မိနစ် အချိန်ခန့်က ရွာသာကြီး နှင့် လှတောကျေးရွာကြားမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှေ့ထွက်မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ အလယ်က ၁စီးထိပြီး ရပ်တန့်သွားခဲ့ပါတယ်။ ကားအတွင်းများ စစ်ကောင်စီတပ်သားများ ကြောက်လန့်တကြား ဆဲဆို သေနတ်များ ရမ်းသမ်းပစ်ဖောက်ခဲ့ကြပါတယ်။

စစ်ကောင်စီတပ်သား ၁၈ ဦးခန့် ထိခိုက်ဒဏ်ရာရှိတယ်လို့ သိရပြီး သေဆုံးမှုကိုတော့ မသိရသေးပါဘူး။

ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီကား မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၈ဦီးခန့် ထိခိုက်ဒဏ်ရာရ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီကား မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၈ဦီးခန့် ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 10:50 Rating: 5

No comments:

Powered by Blogger.