"အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ဖို့ ငွေတိုက်စာချုပ်ဝယ်ကြစို့"


၁) ဒီကနေ့ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်) မြန်မာစံတော်ချိန် မနက် ၉ နာရီတွင် နွေဦးတော်လှန်ရေး၏ ခမ်းနားသော သမိုင်းသစ်ကို ရေးထိုးရန် အထူးငွေတိုက်စာချုပ်များကို စတင်ရောင်းချသွားမည်ဖြစ်ပါသည်။

၂) တော်လှန်ရေးအောင်စိတ်ဖြင့် ရဲဝံ့ယုံကြည်စွာ ပြတ်သားသော သန္နိဋ္ဌာန်ချမှတ်ပြီး အောက်ပါ အင်တာနက်စာမျက်နှာ (link) ကနေတဆင့် လေ့လာကြည့်ရှုဝယ်ယူကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.unitedbonds-nug.org/

၃) ဝယ်ယူသူ၏ ကိုယ်ရေးအချက်အလက်များအား အထူးလုံခြုံသော နည်းပညာဖြင့် အာမခံချက်ပေးထားပါသောကြောင့် စိုးရိမ်ကြောင့်ကြခြင်း အလျဉ်းမရှိဘဲ ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါသည်။

၄) ဘဏ်ငွေလွှဲစနစ်အား အတတ်နိုင်ဆုံး၊ အစွမ်းကုန် ကြိုးစားပြင်ဆင် ပေးထားသည့်အတွက် စိတ်ချလုံခြုံစွာ ငွေလွှဲပြောင်းပေးပို့နိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

၅) ဝယ်ယူသူ မူလပိုင်ရှင်အပြင် ဆက်ခံသူတစ်စုံတစ်ဦးကိုလည်း အမည်/တော်စပ်ပုံ ဖြည့်သွင်းဆောင်ရွက်ခြင်းအားဖြင့် စိတ်ချလုံခြုံမှုကို အပြည့်အဝဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

၆) တစ်ဦးချင်း၊ တစ်ယောက်ချင်း စိတ်ကြိုက်ဝယ်ယူနိုင်သည့်အပြင် အစုအဖွဲ့လိုက် စုပေါင်းစပ်ပေါင်းလည်း ဝယ်ယူနိုင်ပါသည်။

၇) စုပေါင်းစပ်ပေါင်း ဝယ်ယူရာတွင် ကိုယ်စားဝယ်ယူသူမှ မိမိ၏ အစုအဖွဲ့ဝင် တစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များကို အတိအကျဖြည့်သွင်းရန် လိုအပ်မည်ဖြစ်ပြီး ငွေတိုက်စာချုပ်များကို အစုအဖွဲ့ဝင်တစ်ဦးချင်းစီအား သီးသန့်ထုတ်ပေးသွားမည်ဖြစ်သည်။

၈) စုပေါင်းစပ်ပေါင်း ဝယ်ယူရာတွင် အစုအဖွဲ့ဝင်တစ်ဦးချင်းစီမှ ဒေါ်လာ (၁၀၀)   အနည်းဆုံး ဝယ်ယူရန်လိုအပ်မည်ဖြစ်ပါသည်။

၉) ဝယ်ယူရန် အသေးစိတ်လမ်းညွှန်ချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်းဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ တရားဝင် Facebook စာမျက်နှာများမှ အသိပေးထုတ်ပြန်သွားမည်ဖြစ်ပါသည်။

၁၀) ဖက်ဆစ်စစ်တပ်အား အမြစ်ဖြတ်နိုင်ရေးအတွက် နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များ ဝယ်ယူသူ/ဝယ်ယူနိုင်ရေးကူညီသူ/ဝယ်ယူရန် အားပေးတိုက်တွန်းသူ အပေါင်းအား သမိုင်းမှတ်တမ်း၊ ကမ္ဗည်းမော်ကွန်း   တင်အပ်ပါသည်။

Tin Tun Naing 



"အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ဖို့ ငွေတိုက်စာချုပ်ဝယ်ကြစို့" "အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ဖို့ ငွေတိုက်စာချုပ်ဝယ်ကြစို့" Reviewed by THITHTOOLWIN on 08:20 Rating: 5

No comments:

Powered by Blogger.