သိမ်ဖြူ - ဗိုလ်ချုပ်လမ်း မီးပွိုင့်ရှိ ယာဉ်ထိန်းရဲကင်း မီးရှို့ခံရ



ရန်ကုန်၊ နိုဝင်ဘာ ၃၀ 

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူ - ဗိုလ်ချုပ်လမ်း မီးပွိုင့်ရှိ ယာဉ်ထိန်းရဲကင်း မီးရှို့ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၃၀ နံနက် ၆ နာရီခန့်က စ၍ ဗိုလ်ချုပ်လမ်းရှိ ယာဥ်ထိန်းရဲကင်းသည် ၁၅ မိနစ်ခန့် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။

"မနက်အစော မီးသတ်ကားသံကြားတော့မှ သိတာ။ပြီးတော့ စစ်ခွေးတွေလည်း ကားနှစ်စီးနဲ့ ရောက်လာတယ်"ဟု ၎င်းက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို လတ်တလောအချိန်ထိ မသိရှိရသေးပါ။

ရန်ကုန်မြို့ရှိ လမ်းဆုံမီးပွိုင့်များသည် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ပုန်းခိုရာ နေရာတစ်ခုအဖြစ် လူသိများသည်။


Lu Nge Khit

သိမ်ဖြူ - ဗိုလ်ချုပ်လမ်း မီးပွိုင့်ရှိ ယာဉ်ထိန်းရဲကင်း မီးရှို့ခံရ သိမ်ဖြူ - ဗိုလ်ချုပ်လမ်း မီးပွိုင့်ရှိ ယာဉ်ထိန်းရဲကင်း မီးရှို့ခံရ Reviewed by THITHTOOLWIN on 21:13 Rating: 5

No comments:

Powered by Blogger.