သမ္မတနဲ့ အတိုင်ပင်ခံကို စစ်ကောင်စီက အမှုထပ်တိုးတရားစွဲ


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှု များမှာ ပါဝင်ပတ်သက်ကျူးလွန်ခဲ့တယ်ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့်နဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နဲ့ အဖွဲဝင်များ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့ အပါအဝင် ၁၆ ဦးကို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က တရားစွဲထားတယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်သွားပါတယ်။

စုံစမ်းဆေးမှု အစီရင်ခံစာအရ ဆိုပြီး ကြိုတင်မဲပေးခြင်းများ တပ်မဲရုံများဆိုင်ရာကိစ္စမှာ ကော်မရှင်တာဝန်ရှိသူက တာဝန်ယးဆောင်ရွှက်နေသည်ကို ဟန့်တားမှုကို ကျူးလွန်ခြင်း၊နစ်နာစေရန်ခြိမ်းခြောက်ပြောဆိုခြင်း စတဲ့အချက်တွေအပါအဝင် စွပ်စွဲမှု ၆ ခုခန့်နဲ့ စွဲဆိုခဲ့ပြီး တည်ဆဲဥပဒေများနဲ့အညီ သက်ဆိုင်ရာတရားရုံးများမှာ နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး အရေးယူဖို့စတင်ဆောင်ရွှက်နေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ၁၁ သန်းကျော်ရှိတယ်ဆိုပြီး စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်ကို ပြီးခဲ့တဲ့ဇူလိုင်လ ၂၆ ရက်နေ့က ပယ်ဖျက်ခဲ့ပါတယ်။

စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲစနစ်ကိုလည်း နိုင်သူ အကုန်ယူ စနစ် အစား အချိုးကျကိုယ်စားပြု စနစ် ပီအာနဲ့ ပြောင်းလဲဖို့လည်း ပြင်ဆင်နေပါတယ်။

အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၁ မှုနဲ့ တရားစွဲဆိုထားတာကို ရင်ဆိုင်နေရပြီးတော့ နေပြည်တော်အထူးတရားရုံးမှာ တနင်္လာနေ့တိုင်း စစ်ဆေးနေကျအမှု ၃ ခုထဲကမှ အမှု ၂ မှုကို ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက်မှာ ကြားနာခဲ့ပါတယ်။

BBC Burmese 

သမ္မတနဲ့ အတိုင်ပင်ခံကို စစ်ကောင်စီက အမှုထပ်တိုးတရားစွဲ သမ္မတနဲ့ အတိုင်ပင်ခံကို စစ်ကောင်စီက အမှုထပ်တိုးတရားစွဲ Reviewed by THITHTOOLWIN on 08:01 Rating: 5

No comments:

Powered by Blogger.