ကိုယ်ဝန်သည်အမျိုးသမီးကို စစ်ကောင်စီတပ်သား ၂ ယောက်က အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး မအင်္ဂါကိုကိုက်၍သွေးထွက်ဟုဆို

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာတွင် ကိုယ်ဝန် ၇ လလွယ်ထားတဲ့ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ယောက်ကို အာဏာသိမ်း စစ်ကောင်စီတပ်သား ၂ ယောက်က နိုဝင်ဘာလ ၁၁ ရက်ည ၁၁ နာရီခွဲလောက်တွင် အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုဖြစ်ပွားတယ်လို့ ကာယကံရှင်အမျိုးသမီးထံမှ သတင်းရရှိပါတယ်။ 

အပ်လွယ်ရွာမှာ မီးတွင်းနေ ၁ လခွဲအရွယ်ကလေးရဲ့ မခင်တစ်ယောက်ကို နိုဝင်ဘာလ ၁၁ ရက်ညက စစ်သား ၃ ယောက်ကအကြိမ်ကြိမ် အဓမ္မပြုကျင့်တဲ့သတင်းကို အရင်နေ့တွေမှာ ရေးသားဖော်ပြထားပါတယ်။ မီးတွင်းနေတဲ့ အမျိုးသမီးဟာ အခု ကိုယ်ဝန်သည်အမျိုးသမီး ယောကျ်ားရဲ့ ညီမဖြစ်တယ်လို့ သတင်းရရှိပါတယ်။ 

ဖြစ်ကြောင်းကုန်စဉ်ကို ကာယကံရှင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက Zalen မီဒီယာကို အခုလိုပြောပြလာပါတယ်။ 

“၁၀ နာရီခွဲလောက်မှာ ကျမတို့ အိမ်ထဲကိုဝင်လာကြတယ်။ ပိုက်ဆံရှိလာလို့မေးတယ်။ မရှိရင်ရတယ်ဆိုပြီးပြန်ထွက်ကြတယ်။ နောက်ထပ် ပြန်လာတဲ့ချိန်က ၁၁ ခွဲလောက်ဖြစ်မယ်။ နံကပ်ပေး။ မပေးရင်ပစ်သတ်မယ်တဲ့။ ကျမ ယောကျ်ားကို ကြမ်းပြင်မှာမှောက်ခိုင်းတယ်။ သေနတ်ဒင်နဲ့ ခေါင်းကိုထုတယ်။  ခြေထောက်နဲ့ကန်။ ကျမကို ရေချိုးခန်းမှာ ၂ ယောက်စလုံးက ခလေ့စီ အဓမ္မပြုကျင့်တယ်။ ပြီးတော့ ဝမ်းသာလာလို့မေးတော့ ဝမ်းမသာဘူးပြောရင်လည်း တခုခုလုပ်မှာကြောက်တာနဲ့ ဘာမှပြောစရာမရှိလို့ ဟုတ်ကဲ့လို့ပြန်ဖြေရတယ်။ အိမ်ထဲကနေ အထွက်မှာ ယောကျ်ားကို ထပ်ရိုက်ပြီး သွေးထွက်တယ်။ 

ဒုတိယကြိမ်ထပ်လာက မနက်ပိုင်း ၂ နာရီခွဲလောက်ဖြစ်မယ်။ အိမ်တံခါးကိုဖွင့်ခိုင်းတယ်။ မဖွင့်ရင်ပစ်မယ်လို့ခြိမ်းခြောက်၊ အမျိုးသားက ခေါင်းနဲ့ပါးစပ်ကနေ သွေးထွက်လို့ အိပ်ယာကနေမထနိုင်တော့ဘူး။ ရေချိုးခန်းမှာ ကျမကို အဲ့ ၂ ကောင်ကပဲ ထပ်ကျင့်ကြတယ်။ မအင်္ဂါကိုက်လို့သွေးထွက်သွားတယ်။ အခုထိနာသေးတယ်။ အိမ်ထဲက ဆေးလိပ်ဗူးလည်းပစ်ပေါက်တယ်။ ဓာတ်မီးနဲ့မျိုးသားခေါင်းရိုက်ကို ထပ်ရိုက်ကြတယ်။ အရက်လည်းနံတယ်။ အရက်ပုလင်းတွေလည်းပါတယ်။ ဟိုဘက်က မိန်းကလေးပြုကျင့်တဲ့သူနဲ့စစ်သားတွေနဲ့ လူက အတူတူပဲ” လို့ပြောပါတယ်။ 

နောက်နေ့ နိုဝင်ဘာ ၁၂ ရက်တွင် တခြားရွာသို့ ထွက်ပြေးကြပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ကလေး ၄ ယောက်ရှိပါတယ်။

Zalen 



ကိုယ်ဝန်သည်အမျိုးသမီးကို စစ်ကောင်စီတပ်သား ၂ ယောက်က အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး မအင်္ဂါကိုကိုက်၍သွေးထွက်ဟုဆို ကိုယ်ဝန်သည်အမျိုးသမီးကို စစ်ကောင်စီတပ်သား ၂ ယောက်က အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး မအင်္ဂါကိုကိုက်၍သွေးထွက်ဟုဆို Reviewed by THITHTOOLWIN on 23:30 Rating: 5

No comments:

Powered by Blogger.