ပံ့သကူအမှတ်နဲ့ အထုပ်ယူခဲ့ရာကနေ ပေါက်ကွဲမှုဖြစ်လို့ အမျိုးသားတစ်ဦး သေဆုံး

ပံ့သကူအမှတ်နဲ့ အထုပ်ယူခဲ့ရာကနေ ပေါက်ကွဲမှုဖြစ်လို့ အမျိုးသားတစ်ဦး သေဆုံး ပံ့သကူကောက်ရင်း ဗုံးပေါက်ပြီး သေဆုံးသွားတဲ့ အနှေးယာဉ်လုပ်သား ဦးလှထွေး ဓာတ်ပုံကို တွေ့ရစဉ် Photo: Citizen Journalist

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက် မနေ့ညက အမျိုးသားတစ်ယောက်ဟာ လမ်းပေါ် က အထုပ်တစ်ထုပ်ကို ပံ့သကူအမှတ်နဲ့ ကောက်ယူခဲ့ရာ အဲဒီအထုပ်လက်ထဲမှာတင် ပေါက်ကွဲပြီး သေဆုံး သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မနေ့ည ၇ နာရီခွဲလောက်က မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းမကြီးပေါ်မှာ အသက် ၅၁ နှစ်အရွယ် အနှေးယာဉ်လုပ်သား ဦးလှထွေးဟာ လမ်းပေါ်ချထားတဲ့ အထုပ်တစ်ထုပ်ကို ကောက်ယူခဲ့ရာကနေ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

"မနေ့က ၇ နာရီခွဲလောက်မှာ ဗုံးပေါက်တယ် ပြောတယ်။ ပဲနို့ဗူးကို သူရဲ့ အင်္ကျီရဲ့ ဗိုက်ထဲကို ထည့်လိုက်တာ။ အဲဒီမှာ ထပြီး ပေါက်ရော။ ပေါက်တော့ အူတွေ ဘာတွေထွက်ပြီး လဲကျသွားတာ။ ချက်ချင်း ဆေးရုံကား ရောက်လာပြီး ၉ နာရီကျော်ကျော်လောက်မှာ ဆုံးသွားတယ်တဲ့"

ဦးလှထွေးဟာ သူ့အမျိုးသမီးနဲ့အတူ မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်၊ ဧရာ (၂၂) လမ်းမှာ နေထိုင်သူဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို လက်ရှိ ရေဝေးသုဿန်မှာ ထားရှိကာ မနက်ဖြန် နိုဝင်ဘာ ၂၁ ရက်နေ့မှာ သင်္ဂြိုဟ်သွားမယ်လို့လည်း ပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ တခြားသော အချက်အလက်တွေကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပံ့သကူပစ်ခြင်းကို ပုံမှန်အားဖြင့် တန်ဆောင်မုန်းလပြည့်ညမှာ ပြုလုပ်လေ့ရှိကြပြီး ပိုက်ဆံ၊ အဝတ်အစား၊ သင်္ဃန်းစတာတွေကို လှူဒါန်းလေ့ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရိုးရာဓလေ့ အလှူတစ်ခု ဖြစ်ပါတယ်။

RFA Burmese

ပံ့သကူအမှတ်နဲ့ အထုပ်ယူခဲ့ရာကနေ ပေါက်ကွဲမှုဖြစ်လို့ အမျိုးသားတစ်ဦး သေဆုံး ပံ့သကူအမှတ်နဲ့ အထုပ်ယူခဲ့ရာကနေ ပေါက်ကွဲမှုဖြစ်လို့ အမျိုးသားတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 17:59 Rating: 5

No comments:

Powered by Blogger.