လှိုင်သာယာမြို့နယ်က စစ်တပ်အမာခံ ထင်ပေါ်ကျော်ကြားသူ လူမိုက်ကြီးခင်စိန် သေနတ်နဲ့ ပစ်သတ်ခံရ



HTY Information  (နိုဝင်ဘာလ ၁၂ ရက်)

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ သခင်ကိုယ်တော်မှိုင်းလမ်းနေ စစ်တပ်အမာခံ ထင်ပေါ်ကျော်ကြားသူ လူမိုက်ကြီးခင်စိန်အား ဒီကနေ့ ညနေ (၅:၃၀)ဝန်းကျင်က သေနတ်နဲ့ (၃)ချက် ပစ်ခတ်ခံရကြောင်းသိရသည်။

"ပစ်ခံရတာက ဗိုလ်အောင်ကျော်လမ်းမကြီး အုန်းတောတံတားနားမှာ သူကားနဲ့ထွက်လာတုန်း အနားကပ်ပြီးပစ်သွားတာ ပစ်ခံရပြီး သူက ချက်ချင်းမသေဘူး ကားနဲ့ လိုက်သေးတယ် ပြီးမှ ကားကရပ်သွားပြီး ကားပေါ်ကထွက်လာပြီး လဲကျသွားတာပဲ သူက အဓိက စစ်တပ်အမာခံပေါ့ အကြာသေးခင်ကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီး စစ်တပ်နဲ့ ပူးပေါင်းပြီးလုပ်နေတဲ့ လူမိုက်ကြီးပါ" ဟု မြို့နေပြည်သူတစ်ဦးကဆိုပါသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များနှင့် ၎င်း၏မိသားစုဝင်များရောက်ရှိလားပြီး ချက်ချင်းအလောင်းသယ်ယူတာမျိုးမလုပ်သေးဘဲ ဗုံးထည့်သွားမှာဆိုးလို့ဆိုပြီး အနားဘယ်သူမှမကပ်ခိုင်းဖူးလို့ မျက်မြင်တွေ့ကြုံခဲ့ရသူတစ်ဦးက HTY Info သို့ပြောပါသည်။

အဆိုပါ လူမိုက်ကြီးသည် အသက်(၅၀)ဝန်းကျင်ရှိပြီး မကြာသေးမှီက ပစ်သတ်ခံခဲ့ရသူ လူမိုက်ဒေါ်ပြားကြီး၏ တပည့်ကျော်တစ်ဦးဖြစ်ကြောင်းလည်း သိရှိရပါသည်။

HTY_Information

လှိုင်သာယာမြို့နယ်က စစ်တပ်အမာခံ ထင်ပေါ်ကျော်ကြားသူ လူမိုက်ကြီးခင်စိန် သေနတ်နဲ့ ပစ်သတ်ခံရ လှိုင်သာယာမြို့နယ်က စစ်တပ်အမာခံ ထင်ပေါ်ကျော်ကြားသူ လူမိုက်ကြီးခင်စိန် သေနတ်နဲ့ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 21:04 Rating: 5

No comments:

Powered by Blogger.