ရန်ကုန် ရွှေပြည်သာက ဘာဖြစ်ဖြစ် စစ်တပ်နဲ့ခြိမ်းခြောက်နေသော စစ်တပ်ပိုင် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ



(နိုဝင်ဘာလ ၁၄ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၄)ရပ်ကွက် ရာအိမ်မှူးတစ်ဦးကို ဒီကနေ့ နိုဝင်ဘာ ၁၄ ရက် မွန်းလွှဲ (၁၂:၁၅)မိနစ် အချိန်ခန့်က သေနတ်နဲ့ ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်းသိရသည်။

အဆိုပါပစ်ခတ်ခံရသူမှာ ၄ ရပ်ကွက်က ရာအိမ်မှူး ဦးတင်မောင်သန်း(ခေါ်) ရခိုင်ကြီး ဆိုသူဖြစ်ပြီး ရပ်ကွက်အတွင် ဘာဖြစ်ဖြစ် စစ်တပ်နဲ့ခြိမ်းခြောက်ခါ ရပ်ကွက်တွင် ပြည်သူအချို့ကိုလည်း စစ်တပ်ခေါ်၍ ဖမ်းစေခိုင်းတာမျိုး လုပ်ဆောင်နေသည့်အတွက် မြို့ပြပြောက်ကျားတပ်ဖွဲ့ Blue Bird Rangers (BBR) က သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

"သူက ရပ်ကွက်ထဲအတော် သတင်းကြီးတယ် အားနေစစ်တပ်ခေါ်လိုက်ရမလား ငါကစစ်တပ်ကို ပိုင်တယ်ဆိုတဲ့ပုံစံမျိုး အမြဲခြိမ်းခြောက်တာတွေလုပ်တယ် နောက်ပြီး သူလက်ညှိုးထိုးဖမ်းခိုင်းလို့ လူငယ်အချို့ဖမ်းခံရတာလည်းရှိတယ် အဲ့ဒါကြောင့် သူဆိုင်ကယ်နဲ့ လာတဲ့အချိန် တော်ဝင်လမ်းမှာ ပစ်ခတ်လိုက်တာပါဟု" (B.B.R)ရဲ့တာဝန်ရှိသူက ဆိုပါသည်။

ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်များရောက်ရှိလာပြီး ယာယီလမ်းပိတ်ဆို့၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေတယ်လို့လည်း ဒေသခံများထံမှသိရှိရပါသည်။

HTY Information

ရန်ကုန် ရွှေပြည်သာက ဘာဖြစ်ဖြစ် စစ်တပ်နဲ့ခြိမ်းခြောက်နေသော စစ်တပ်ပိုင် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ ရန်ကုန် ရွှေပြည်သာက ဘာဖြစ်ဖြစ် စစ်တပ်နဲ့ခြိမ်းခြောက်နေသော စစ်တပ်ပိုင် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 18:11 Rating: 5

No comments:

Powered by Blogger.