သံတောင်ကြီးမြို့မှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

မော်လမြိုင်၊ နိုဝင်ဘာ၂၅

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်မြို့ ၁၃ မိုင်ကနေ ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း နိုဝင်ဘာ ၂၅ ရက် ညနေ ၆ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

သံတောင် ပျားစခန်းလမ်း ၁၁ မိုင်ကုန်အဆင်းနားမှာ စစ်ကောင်စီယာဉ်တန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

" ၁၁ မိုင်ကုန်အဆင်းနားမှာ စစ်ကားတွေ မိုင်းဆွဲခံရတာ သေနတ်ပစ်ခတ်သံတွေဆက်တိုက်ကြားရတယ်၊ အပြန်အလှန်ပစ်ခတ်သံက ၁၀ မိနစ်ကြာတယ်။အဲနားက ပျားစခန်းရွာထိပ်မှာ စစ်သားတွေ ခဏတပ်စွဲထားပြီး ည ၇ နာရီကျော်လောက်ကျမှ တောင်ငူဘက်ပြန်ဆင်းသွားတယ်၊ အဲနားမှာ စစ်ကားတစ်စီးက ဘေးပလက်မှောက်ခုံကျန်နေတယ်" လို့ ဆိုပါတယ်။

ထိခိုက်မှုအခြေအနေကိုတော့ သံလွင်တိုင်းမ်မှ မေးမြန်းစုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ ညနေပိုင်းမှာ ဘောဂလိလမ်းမှ ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းက ဘောဂလိလမ်းရှိ သစ်စေးတောင်မှာ ဆိုင်ကယ်နဲ့ကွမ်းသီးတင်ဆောင်လာတဲ့ လူငယ်တစ်ဦးကို ဝင်ရောက်တိုက်မိလို့ ယင်းလူငယ် ပွဲချင်း​ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ် / Than Lwin Times 

သံတောင်ကြီးမြို့မှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ သံတောင်ကြီးမြို့မှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 09:46 Rating: 5

No comments:

Powered by Blogger.