ပေါင်မြို့က ကျောင်းတွေရှေ့ ဗုံးနှစ်လုံးပေါက်


မော်လမြိုင်၊ နိုဝင်ဘာ ၂၃

ပေါင်မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းရှေ့နှစ်ခုမှာ ဒီကနေ့နံနက်ပိုင်း​က ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

အထကရင်းငြိမ်ကျောင်းရှေ့နဲ့ အမက ကုလာချောင်းကျောင်းရှေ့တို့မှာ နံနက် ၇ နာရီကျော်ခန့်က ရှေ့ဆင့်နောက်ဆင့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

" မနက်က ၇ နာရီကျော်လောက်က ဗုံးပေါက်တာပါ၊ အထက ရင်းငြိမ်ကျောင်းရှေ့မှာ အရင်ပေါက်ကွဲတာ၊ ပြီးတော့ အမက ကုလားချောင်ကျောင်းရှေ့မှာ ပေါက်ကွဲတယ်၊ ရှေ့ဆင့်နောက်ဆင့်ပါပဲ။ ဘာမှထိခိုက်ပျက်စီးမှု ရှိတာတော့ မတွေ့ရဘူး၊ ဘယ်သူလုပ်လဲဆိုတာလဲ မသိရသေးဘူး၊ ဗုံးပေါက်ပြီးတော့ တချို့ကျောင်းသားမိဘတွေက ကျောင်းပေးသွားမတက်ခိုင်းတဲ့သူတွေရှိနေတယ်" လို့ ဆိုပါတယ်။

အဆိုပါ ဖောက်ကွဲမှုဟာ မွန် - သထုံ အထူးကာကွယ်ရေး တပ်ဖွဲ့ mthsf မှ ထိခိုက်မှု တစုံတရာမရှိအောင် တော်လှန်ရေးရဲဘော် အမျိုးသမီးအဖွဲ့ဝင်တွေက ဦးဆောင်ကာ အသေးစား ဖောက်ခွဲခဲ့ခြင်းဖြစ်တယ်လို့ MTHSF က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရင်းငြိမ်ကျေးရွာ အနီးတဝိုက်ရှိ စစ်ကောင်စီအား သတင်းပေးသူတွေ၊ စစ်ကောင်စီ၏ထောက်တိုင်သဖွယ် ပံ့ပိုးကူညီသူတွေ မိမိတို့၏ လုပ်ရပ်များကို ရပ်တန့်စေရန် ရည်ရွယ်ချက်ဖြင့် သတိပေးဖောက်ခွဲတာ ဖြစ်တယ်လို့ MTHSF ကဆိုပါတယ်။

သတင်း - သံလွင်တိုင်းမ် - Than Lwin Times 

ပေါင်မြို့က ကျောင်းတွေရှေ့ ဗုံးနှစ်လုံးပေါက် ပေါင်မြို့က ကျောင်းတွေရှေ့ ဗုံးနှစ်လုံးပေါက် Reviewed by THITHTOOLWIN on 17:36 Rating: 5

No comments:

Powered by Blogger.