ကြို့ပင်​ကောက်မြို့တွင် ဂိတ်​​စောင့်စစ်သားကို ပြည်သူတစ်ဦးကဂျင်ကလိဖြင့်ပစ်၍အပြင်းအထန်ဒဏ်ရာရ


ပဲခူးတိုင်းအနောက်ခြမ်း ကြို့ပင်ကောက်မြို့တွင် ယနေ့ညနေပိုင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူတစ်ဦးက ဂျင်ကလိဖြင့်ပစ်ခတ်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၂၂ ရက်) ညနေ ၅း၃၀ နာရီအချိန်က ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ 

စစ်ဆေးရေးဂိတ်အား လောက်လေးခွတွင် သံချွန်ထည့်ပစ်ရသည့် ဆင်းတစ်(ခ) ဂျင်ကလိဖြင့် ပြ​ည်သူတစ်ဦးက တစ်ကိုယ်တော်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ခိုင်လုံစွာသတင်းရရှိခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

ပြည်သူ့ခုခံစစ်အတွင်း ထိုကဲ့သို့ သူရသတ္တိပြောင်မြောက်စွာ တိုက်ခိုက်ခဲ့သော ၎င်းပြည်သူအား မိမိတို့ GBK PDFများအနေဖြင့် အထူးလေးစားဂုဏ်ပြုကြောင်း  ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိသွားသောရဲအား လူနာတင်ကားဖြင့် ခေါ်ဆောင်သွားပြီး သေဆုံးနိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောကြားသည်။

 ကြို့ပင်ကောက်မြို့နယ်တွင် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၆နာရီနှင့် နံနက် ၈:၃၀နာရီ အချိန်က ရဲကင်းစခန်းအား ဗုံးခွဲတိုက်ခိုက်ခဲ့ရာရဲကင်းစခန်းအပြင်  ကိုက် (၃၀၀) ခန့်အကွာတွင်ရှိနေသော ဆရာတော်သံဃာတော်နှစ်ပါးအား ထိခိုက်ခဲ့၍ ကြို့ပင်ကောက် PDFမှ တောင်းပန်ခဲ့သည်။


People's Spring 

ကြို့ပင်​ကောက်မြို့တွင် ဂိတ်​​စောင့်စစ်သားကို ပြည်သူတစ်ဦးကဂျင်ကလိဖြင့်ပစ်၍အပြင်းအထန်ဒဏ်ရာရ ကြို့ပင်​ကောက်မြို့တွင် ဂိတ်​​စောင့်စစ်သားကို ပြည်သူတစ်ဦးကဂျင်ကလိဖြင့်ပစ်၍အပြင်းအထန်ဒဏ်ရာရ Reviewed by THITHTOOLWIN on 00:07 Rating: 5

No comments:

Powered by Blogger.