မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့်ကားများ‌ နေရာနှစ်နေရာတွင် မိုင်းဆွဲခံရ


နိုဝင်ဘာလ ၂၀၊ SGG

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့်ကားများ နေရာနှစ်နေရာမှာ မိုင်းဆွဲခံခဲ့ရပါတယ်။

နိုဝင်ဘာလ ၂၀ရက် ယနေ့မနက် ၉နာရီအချိန်ခန့်က စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ ကား၂စီးကို မြောင်မြို့နယ် နဘက်ရွာအလွန်မှာ မိုင်း ၃လုံးခွဲပြီးတိုက်ခိုက်ခဲ့ပါတယ်။ ကား ၁စီးထိမိပြီး ကျန် ၁စီးပေါ်မှ ရမ်းသမ်းပစ်ခဲ့တယ်လို့သိရပါတယ်။

ယနေ့မနက် ၉နာရီ၃၀မိနစ်ဝန်းကျင်မှာပဲ မြောင်မြို့ နယ်််  ဖွားစောရွာ အ‌လွန်မှာ စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ ကား၂စီးကိုလဲ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ပဒေသာမိုင်း ၇လုံးနှင့် မိုင်းခွဲတိုက်ခိုက်လိုက်ရာမှာ ၁စီးလန်ထွက်သွားပြီး ၁စီးကတော့ အဖျားခတ်ထိခိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်သား သေဆုံးထိခိုက်စာရင်းကို တိတိကျကျမသိရသေးပါဘူး။ 

မြောင်မြို့နယ် ဘူးကိုင်း‌ကျေးရွာ စာသင်ကျောင်းမှာ ယမန်နေ့ညက အင်အား၄၀ခန့်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ စခန်းချတပ်စွဲခဲ့ပါတယ်။ နိုဝင်ဘာလ ၂၀ရက် ယနေ့မနက် ၂နာရီ အချိန် ကျောက်ရစ်စခန်းကနေ အင်အား၅၀ကျော်ဖြင့် အင်အားထပ်ဖြည့်လာပါတယ်။ ဘူးကိုင်းကျေးရွာကနေ ဆည်ရွာဘက်ကို ထွက်ခွာသွားပြီး ဆည်ရွာမှာရှိတဲ နေအိမ် ၃လုံးကို အကြောင်းမဲ့မီးရှို့ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ ဆည်ရွာမှာရှိနေဆဲပဲလို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့်ကားများ‌ နေရာနှစ်နေရာတွင် မိုင်းဆွဲခံရ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့်ကားများ‌ နေရာနှစ်နေရာတွင် မိုင်းဆွဲခံရ Reviewed by THITHTOOLWIN on 18:21 Rating: 5

No comments:

Powered by Blogger.