ယောနယ်မှ “အရေးပေါ်အသိပေးထုတ်ပြန်ချက်”


“အရေးပေါ်အသိပေးထုတ်ပြန်ချက်”

၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ၊ ၁၄ရက်  

မိဘပြည်သူများခဗျား။

လက်ရှိတင်းမာနေသော စစ်ရေးအခြေအနေများအရ ပုလဲ-‌ကျော-ဂန့်ဂေါ-ကလေးလမ်း၊ ပုလဲ-ကျော-ဂန့်ဂေါ-ဟားခါးလမ်း၊ ပေါက်-ထီးလင်း-မင်းတပ်လမ်း၊ ပေါက်-ကျောက်ထု-မင်းတပ်လမ်း၊ ဂန့်ဂေါ၊ ထီးလင်း၊ ကျော၊ ကျောက်ထု၊ ဆော လမ်းပိုင်းများ တွင် စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာနိုင်သဖြင့် (၁၄.၁၁.၂၀၂၁) ရက်နေ့မှ (၂၁.၁၁.၂၀၂၁) ရက်နေ့အထိ တစ်ပတ်အတွင်း လုံးဝ(လုံးဝ) ခရီးသွားလာခြင်း မပြုလုပ်ကြပါရန် အသိပေးကြေညာအပ်ပါသည်။ 

  စစ်ကောင်စီဘက်မှ အောက်တန်းကျသောနည်းလမ်းနှင့် အပြစ်မဲ့ပြည်သူများကို တိုက်ပွဲများအတွင်း  လူသားဒိုင်းကာ အသုံးပြုဆောင်ရွက်ခြင်းမျာ းပြုလုပ်လေ့ရှိသဖြင့် မိဘပြည်သူများ သတိဝီရိယ နှင့် ဂရုတစိုက် သွားလာနေထိုင်ကြရန် အသိပေးအပ်ပါသည်။

Yaw Defense Force - YDF

ယောနယ်မှ “အရေးပေါ်အသိပေးထုတ်ပြန်ချက်” ယောနယ်မှ “အရေးပေါ်အသိပေးထုတ်ပြန်ချက်” Reviewed by THITHTOOLWIN on 23:31 Rating: 5

No comments:

Powered by Blogger.