ခန္တီးမှာ ရဲတပ်သားတွေရဲ့မှားယွင်းပစ်ခတ်မှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ဇနီး သေဆုံးတယ်လို့ ဒေသခံတွေပြော


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ မြို့မရပ်ကွက်အတွင်းမှာ ရဲတပ်သားတချို့ရဲ့မှားယွင်းပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၂၁ရက်နေ့လယ်ပိုင်းက ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ဇနီးကို ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

“မနေ့က ခရိုင်အုပ်ချုပ်ရေးမှူးကတော် ဒေါ်ညွှန့်ညွှန့်ဝင်းမောင်းလာတဲ့ကားနဲ့ အဲ့နားမှာစောင့်နေတဲ့ ရဲတပ်သားရဲ့ဆိုင်ကယ်နဲ့ပွတ်မိတယ်။ အမျိုးသမီးက သူဆိုင်ကယ်ကိုထိတာ သိတောင်သိပုံမပေါ်ဘူးဆက်သွားနေတာကို အနောက်ကလိုက်ပစ်တာ။ ပစ်တော့ သူက ကားကိုရပ်လိုက်တဲ့အချိန်မှာ သေနတ်မှန်သွားတာ။ နောက်တော့မှ ရဲတပ်သားတွေလည်း ခရိုင်အုပ်ချုပ်ရေးမှူး ကတော်ဖြစ်နေမှန်းသိတယ်လို့”ခန္တီးဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူဒေါ်ညွန့်ညွန့်ဝင်းရဲ့နာရေးကိုတော့ ဒီကနေ့နိုဝင်ဘာ ၂၂ရက်နေ့မှာပြုလုပ်မှာဖြစ်ပြီး ပစ်ခတ်လိုက်တဲ့အစောင့်ရဲတပ်သားကိုလည်းအရေးယူမှုတွေလုပ်ဖို့လုပ်ဆောင်နေတယ်လို့နီးစပ်သူတွေကပြောပါတယ်။

ခန္တီးမြို့တွင်းမှာတော့ နိုဝင်ဘာ ၁၈ ရက်နေ့တုန်းကလည်း ပေါက်ကွဲမှုတွေရှိခဲ့သလို ဒေသကာကွယ်ရေးတပ်တွေရဲ့ပြောက်ကျားလှုပ်ရှားမှုတွေ၊ ဖောက်ခွဲမှုတွေလည်းဆက်ရှိနေပေမဲ့ စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့ဆက်စပ်သူသေဆုံးမှုကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

BBC Burmese

ခန္တီးမှာ ရဲတပ်သားတွေရဲ့မှားယွင်းပစ်ခတ်မှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ဇနီး သေဆုံးတယ်လို့ ဒေသခံတွေပြော ခန္တီးမှာ ရဲတပ်သားတွေရဲ့မှားယွင်းပစ်ခတ်မှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ဇနီး သေဆုံးတယ်လို့ ဒေသခံတွေပြော Reviewed by THITHTOOLWIN on 16:29 Rating: 5

No comments:

Powered by Blogger.