မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်၊ ၇ဦး သေဆုံးပြီး ၇ဦး ခန့်ဒဏ်ရာရနိုင်


နိုဝင်ဘာ ၂၆၊ SGG

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

နိဝင်ဘာလ ၂၅ ရက်၊ ညနေ ၂နာရီ ၅၀မိနစ် ဝန်ကျင်ခန့် နဘတ်ကျေးရွာနှင့် ဆွဲလဲအိုကျေးရွာကြား ခြေလျင်ဖြန့်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၆ဦးသေဆုံးခဲ့ပြီး ၃ဦး အပြင်းအထန် ဒဏ်ရာရရှိနိုင်တယ်လို့သိရပါတယ်။

ညနေ ၅ နာရီ ၃၀မိနစ်အချိန်ခန့်လည်း မိုင်းခွဲတိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ တပ်သားအလောင်းသယ်ဆောင်ရန် လာရောက်ခဲ့တဲ့ စစ်ကောင်စီ ကား၂စီးကို ထပ်မံ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လိုသိရပါတယ်။ 

ဒုတိယအကြိမ်  မိုင်းခွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၁ဦးသေဆုံးပြီး  ၄ဦး  အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ပထမအကြိမ်တိုက်ခိုက်မှုမှာ ပြည်သူ့တပ်မတော်(မြောင်)-MUA မှ ဒုတပ်ရင်းမှူးကိုတိုက်ဂါးနှင့် အဖွဲ့ဦးဆောင်ပြီး နှလုံးလှလူမိုက်ကြီးများအဖွဲ့၏ မိုင်းဖြင့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM၊ အမျိုးသမီးပြောက်ကျာ းစစ်သည်တော်များအဖွဲ့(မြောင်)-M2W နှင့် Myaung Special People’s Defense Force- MSPDF တို့အတူ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြတာလို့သိရပါတယ်။

ဒုတိယအကြိမ် တိုက်ခိုက်မှုကိုတော့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM နှင့် Zamani Revolution Force/MMU Myaung တို့ ပွဲဦးထွက် မဟာမိတ်စစ်ဆင်ရေးအဖြစ် ပူးပေါင်းပြီး တိုက်ခိုက်တာလို့ သိရပါတယ်။

ပြည်သူ့ရဲဘော် တဦးတယောက်မျှ ကျဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းမရှိဘူးလို့သိရပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်၊ ၇ဦး သေဆုံးပြီး ၇ဦး ခန့်ဒဏ်ရာရနိုင် မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်၊ ၇ဦး သေဆုံးပြီး ၇ဦး ခန့်ဒဏ်ရာရနိုင် Reviewed by THITHTOOLWIN on 07:13 Rating: 5

No comments:

Powered by Blogger.