စစ်တပ်ပိုင် ရော်ဘာအလုပ်ရုံတစ်ခု မီးရှို့ဖျက်ဆီးခံရ


တနင်္သာရီ၊ နိုဝင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာ ကော်တောရပ်ကွက်ရှိ စစ်တပ်ပိုင်ရော်ဘာအလုပ်ရုံတစ်ခု နိုဝင်ဘာလ၂၁ ရက်နေ့ ညနေပိုင်းက မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

မနေ့ ညနေ ၄ နာရီကျော်ခန့်မှာ ခမရ(၅၆၁)ပိုင် ရော်ဘာခြံထဲရှိ ရော်ဘာအလုပ်ရုံတစ်ခုကို အမည်မသိ လူတစ်စုက မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

"မီးရှို့ခံရတယ်လို့တော့ သိရတယ်။ ဘယ်သူတွေလုပ်တယ်ဆိုတာတော့ မသိရဘူး။ ရော်ဘာရုံဆိုတော့ မီးလောင်တော့ ကုန်သလောက်ဖြစ်သွားတယ်။ ''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မီးလောင်မှုကြောင့် ရော်ဘာအလုပ်ရုံနဲ့ရော်ဘာပြားတွေ မီးလောင်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူတော့ မရှိခဲ့ပါဘူး။

 စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ မီးရှို့သွားသူတွေကို လိုက်လံရှာဖွေနေသလို ကျေးရွာအတွင်း စစ်ဆေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

သတင်း - သံလွင်တိုင်းမ် / Than Lwin Times 

စစ်တပ်ပိုင် ရော်ဘာအလုပ်ရုံတစ်ခု မီးရှို့ဖျက်ဆီးခံရ စစ်တပ်ပိုင် ရော်ဘာအလုပ်ရုံတစ်ခု မီးရှို့ဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 17:10 Rating: 5

No comments:

Powered by Blogger.