ပေါင် ကဒုံစီးရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ



မော်လမြိုင်၊ နိုဝင်ဘာ ၁၃

ပေါင်မြို့မှာ စစ်ကောင်စီခန့် ကဒုံစီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်အောင် ဒီကနေ့ နံနက် ၈ နာရီခွဲခန့်က သေနတ်ပစ်ခံခဲ့ရတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။

ဦးကျော်အောင်က ၎င်းနေအိမ်ရှိစျေးဆိုင်ရှေ့မှာ သန့်ရှင်းရေးလုပ်နေစဉ် ဆိုင်ကယ်မောင်းနှင်လာတဲ့ အမည်မသိလူနှစ်ဦးက အနီးကပ်သေနတ်ပစ်ခတ်ခဲ့ခြင်း ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

" ကဒုံစီးရပ်ကျေးရုံးအနားမှာရှိတဲ့ သူ့အိမ်အောက်ထပ်မှာ ဖွင့်ထားတဲ့ စျေးဆိုင်အရှေ့မှာ အမှိုက်ကောက်သန့်ရှင်းရေးလုပ်နေတဲ့အချိန်မှာ ဆိုင်ကယ်နဲ့လာတဲ့ အမည်မသိ လူနှစ်ဦးက အနီးကပ်သေနတ်တစ်ချက်ပစ်ခတ်ပြီး မောင်းပြေးသွားတယ်၊ သူက အဲဒီနေရာမှာ လဲကျသွားတယ်"လို့ ဆိုပါတယ်။

ဝဲဘက်နို့အုံမှာ ကျဉ်ဖောက်ဝင်ဒဏ်ရာတစ်ချက်နဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေကြောင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဒေသခံတွေ ပြောဆိုချက်အရ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးကျော်အောင်က မြို့နယ်အတွင်းက လယ်ယာမြေပြဿနာများနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာများနဲ့ ပူးပေါင်း လုပ်စားမှုများရှိနေသလို ဆန္ဒပြလူငယ်တွေ ဖမ်းဆီးရာမှာ စစ်အုပ်စုကို သတင်းပေးတိုင်တန်းမှုများရှိခဲ့အတွက် သတိပေးခံထားရသူတစ်ဦးလည်း ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ် - Than Lwin Times 

ပေါင် ကဒုံစီးရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ ပေါင် ကဒုံစီးရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 07:59 Rating: 5

No comments:

Powered by Blogger.