လွိုင်ကော်မြို့ပေါ်တွင် ပစ်ခတ်သံများ ကြားနေရ


ကန္တာရဝတီတိုင်း(မ်) 

ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၉ နာရီခွဲ အချိန်မှာ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ မြို့ပေါ်နေ ဒေသခံတွေဆီကနေ သိရပါတယ်။

" လက်နက်ငယ်တွေ အရင် ပစ်တယ် ဒေါဥခူဖက်ခြမ်း၊ မှုံပြာဖက်လောက်က ဖြစ်မယ်။ ပြီးတော့ လက်နက်ကြီးတွေ ပတ်ချာလည် ထုတော့တာပဲ။ မြို့အဝင်က အမြောက်တပ်ရော၊ ၅၄ တပ်ဖက်ကရော အကုန်ထုတယ်။ မြို့အဝင်က ထုတဲ့တစ်လုံးဆို အိမ်တောင် တုန်သွားတယ်။ အခုတော့ ပြန်တော့ ငြိမ်သွားတယ်။ " လို့ လွိုင်ကော်မြို့နေ ဒေသခံ အမျိုးသားတစ်ဦးက ည ၁၀ နာရီ ဝန်းကျင်မှာ ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြု ပြောကြားပါတယ်။

ပစ်ခတ်သံတွေက တဖက်သတ် ပစ်ခတ်သံပုံစံမျိုး ကြားနေရပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခြင်း ဟုတ်၊ မဟုတ်ကို အတည်မပြုနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Kantarawaddy Times 

လွိုင်ကော်မြို့ပေါ်တွင် ပစ်ခတ်သံများ ကြားနေရ လွိုင်ကော်မြို့ပေါ်တွင် ပစ်ခတ်သံများ ကြားနေရ Reviewed by THITHTOOLWIN on 07:45 Rating: 5

No comments:

Powered by Blogger.