မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌဟောင်း မသဲစုနိုင်ကို စကစများက နေအိမ်အတွင်း အကြမ်းဖက် စီးနင်းဝင်ရောက်ကာ ဖမ်းဆီး


နိုဝင်ဘာ - ၂၂

မိတ္ထီလာမြို့ ရန်မျိုးအောင် ရပ်ကွက်နေ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဌဟောင်း ဖြစ်သူ မသဲစုနိုင်ကို စစ်ကောင်စီ လက်နက်ကိုင်များက ယနေ့ နိုဝင်ဘာ (၂၂)ရက်တွင် နေအိမ်အတွင်း အကြမ်းဖက်စီးနင်းဝင်ရောက်ကာ သေနတ်ပစ်ဖောက်၍ ဖမ်းဆီးသွားကြောင်း နီးစပ်သူများက MFP သို့ ပြောသည်။

ယနေ့ ညနေ (၄)နာရီခွဲကျော်အချိန်တွင် စစ်ကောင်စီ လက်နက်ကိုင်များ မသဲစုနိုင်၏ နေအိမ်သို့ အကြမ်းဖက် စီးနင်းဝင်ရောက်လာကာ သေနတ်ပစ်ဖောက်၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်အုပ်စုသည် မသဲစုနိုင်ကို ဖမ်းဆီးသည့်အပြင် မိသားစုဝင်အချို့ကိုပါ ဖမ်းဆီးသွားပြီး အိမ်တွင် တွေ့သမျှ ဖုန်းများကိုလည်း သိမ်းယူသွားသည်ဟု နီးစပ်သူများက ဆိုသည်။

မသဲစုနိုင်သည် မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗ.က.သများအဖွဲ့ချုပ်)၏ ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ ၄င်း၏ နေအိမ်၌သာ နေထိုင်လျှက်ရှိသော သာမန်အရပ်သား ပြည်သူတစ်ဦးဖြစ်ကြောင်း၊ စစ်ကောင်စီ လက်နက်ကိုင်များကမူ မသဲစုနိုင်ကို PDF ခေါင်းဆောင်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဆိုသည်။

စစ်ကောင်စီသည် မိတ္ထီလာမြိုကပေါ်နေ ကျောင်းသားများကို ဆက်တိုက်ဖမ်းဆီးနေပြီး ပြီးခဲ့သည့် ရက်ပိုင်းကလည်း မိတ္ထီလာမြို့နေ ပြင်ဦးလွင် နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) တက်ရောက်နေသော ကျောင်းသားနှစ်ဦးကိုလည်း စစ်အုပ်စုက ဖမ်းဆီးခဲ့သေးသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းသည့် ဖေဖေါ်ဝါရီ(၁)ရက်မှ ယနေ့ နိုဝင်ဘာ(၂၂)ရက်အထိ နိုင်င့တဝန်း စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရသူ စုစုပေါင်း(၇၄၇၆)ဦး ရှိကာ ၎င်းတို့အနက်မှ  (၂၉၇)ဦးသည် ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ (၁၂၈၆) ဦး ရှိသည်ဟု AAPP က ဆိုသည်။ AAPP သည် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်း လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများကို နေ့စသ်မှတ်တမ်းပြုစုကာ ထုတ်ပြန်နေသော အဖွဲ့ဖြစ်သည်။


Mandalay Free Press - MFP

မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌဟောင်း မသဲစုနိုင်ကို စကစများက နေအိမ်အတွင်း အကြမ်းဖက် စီးနင်းဝင်ရောက်ကာ ဖမ်းဆီး မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌဟောင်း မသဲစုနိုင်ကို စကစများက နေအိမ်အတွင်း အကြမ်းဖက် စီးနင်းဝင်ရောက်ကာ ဖမ်းဆီး Reviewed by THITHTOOLWIN on 23:48 Rating: 5

No comments:

Powered by Blogger.