ဖားကန့်မှာ ဂျက်လေယာဥ်တွေသုံးပြီးစစ်ကောင်စီက တိုက်နေတယ်လို့ ကေအိုင်အေပြော


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီဘက်က ဂျက်လေယာဉ်တွေ အသုံးပြုတိုက်ခိုက်နေတယ်လို့ KIA ဘက်က ပြောပါတယ်။

ကေအိုင်အေ တပ်မဟာ ၉လက်အောက်ခံ တပ်ရင်း၆ နယ်မြေမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက် ၇ နာရီလောက်မှာ ဖားကန့်မြို့နယ် လုံးခင်ကျေးရွာအုပ်စု နမ်ဂျန် ဘက်က စစ်ကောင်စီစခန်း ၃ခုကို KIA ဘက်ကနေ ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှ စစ်ကောင်စီဘက်က ဂျက်လေယာဥ်တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပြီး

တိုက်ပွဲအခြေနေ အသေးစိတ်ကို မသိရသေးဘူးလို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖားကန့်မြို့နယ် အနီးမှာတိုက်ပွဲဖြစ်ပွားနေခဲ့ပြီး မနေ့ကလည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖားကန့်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၃ခုကို နိုဝင်ဘာလ ၁၄ ရက်နေ့က သိမ်းပိုက်လိုက်တယ် ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်၊

ဖားကန့်မြို့နယ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အားကောင်းတဲ့မြို့ဖြစ်ပြီး စစ်ကောင်စီက အင်တာနက်ဖြတ်ထားတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

ဖားကန့်တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

BBC Burmese 

ဖားကန့်မှာ ဂျက်လေယာဥ်တွေသုံးပြီးစစ်ကောင်စီက တိုက်နေတယ်လို့ ကေအိုင်အေပြော ဖားကန့်မှာ ဂျက်လေယာဥ်တွေသုံးပြီးစစ်ကောင်စီက တိုက်နေတယ်လို့ ကေအိုင်အေပြော Reviewed by THITHTOOLWIN on 19:49 Rating: 5

No comments:

Powered by Blogger.