ကြံခိုင်ရေးပါတီဝင် ပျူစောထီးသင်တန်းဆင်း သေနတ်ပစ်ခံရ၍ သေဆုံး


ရေစကြိုနိုဝင်ဘာ ၁၁၊၂၀၂၁။

ရေစကြိုမြို့ အမှတ် (၁)ရပ်ကွက်နေ ကြံခိုင်ရေးပါတီဝင် ပျူစောထီးသင်တန်းဆင်း ဒလန်လို့ နာမည်ကြီးနေသူ အောင်သူ (ခ) ဗိုလ်ချုပ် အားနိုဝင်ဘာလ ၁၁ ရက် နေ့လည်  ၂ နာရီဝန်းကျင်ခန့်က ရေစကြိုမြို့ ဆင်ဖြူရှင်တံတားအနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ 

"ပျူစောထီးသင်တန်းဆင်းတယောက်ပါ။ PDF ၂ ဖွဲ့ပူးပေါင်းပြီး ပစ်ခတ်ခဲ့တာပါ၊ နေ့လည် ၂ နာရီလောက်က ပစ်ခတ်ခံရပြီး သေဆုံးသွားတာပါ။ ထင်တန်းရပ်ကွက်ထဲက ထွက်လာတုန်းလမ်းပေါ်မှာ သေနတ်ပစ်ရတာ။" လို့ PDF နဲ့ နီးစပ်သူတဦးကပြောပါတယ်။

အခုကိစ္စအပါအဝင် ရေစကြိုမြို့ပေါ်မှာ ဒလန်လို့နာမည်ထွက်နေသူတွေ ရှင်းလင်းခံရတာ ၃ ကြိမ်ရှိပြီလို့သိရပြီး၊ ပထမအကြိမ်က ဩဂုတ်လ ၂၇ ရက်နေ့က ဇီးတောစံပြကျေးရွာက ဒလန်သန်းဋ္ဌေးဆိုသူကို PEOPLE DEFENCE FORCE Yesagyo နဲ့ MG6 ပြောက်ကျားတပ်တို့ပူးပေါင်းကာ သေနတ်နဲ့ ပစ်သတ်ခံရခြင်းဖြစ်ပြီး၊ ဒုတိယအကြိမ်မှာ အောက်တို့ဘာလ ၁ ရက်နေ့က သာစည်အုပ်စု ရဲသတင်းပေးဒလန်အုပ်ချုပ်ရေးမှူးအသစ် ဆန်းလင်းဆိုသူတို့ဖြစ်ကြောင်း သိရပါတယ်။  

ကြံခိုင်ရေးပါတီဝင် ပျူစောထီးသင်တန်းဆင်း ဒလန်လို့ နာမည်ကြီးနေတဲ့ အောင်သူ (ခ) ဗိုလ်ချုပ် People Defense Force Yesagyo နဲ့ 27 Revolution Forces မဟာမိတ်နှစ်ဖွဲ့ပူးပေါင်းပြီး သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan 

ကြံခိုင်ရေးပါတီဝင် ပျူစောထီးသင်တန်းဆင်း သေနတ်ပစ်ခံရ၍ သေဆုံး ကြံခိုင်ရေးပါတီဝင် ပျူစောထီးသင်တန်းဆင်း သေနတ်ပစ်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 21:02 Rating: 5

No comments:

Powered by Blogger.