ကောလင်းမြို့နယ်၊ ရှမ်းကလုံးကျေးရွာမှ ဒေသခံပြည်သူ ၃ဦး စစ်ကောင်စီဖမ်းဆီးသွား


November 10,2021/Kachin News group

နိုဝင်ဘာလ ၁၀ရက်နေ့ စစ်ကိုင်းတိုင်း၊ကောလင်းနယ်၊ ရှမ်းကလုံး‌ ကျေးရွာမှ ဒေသခံ ၃ဦးအား စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးသွားကြောင်း နီးစပ်သူများထံမှ သိရသည်။

"ရှမ်းကလုံးရွာက ဒေသခံယောကျ်ားလေးသုံးယောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်။ တစ်‌ေယာက်ကိုနောက်ပြန်ကြိုးတုတ်တယ် ကျန်တဲ့နှစ်‌ေယာက်ကို‌ေတာ့ ဒီအတိုင်းဖမ်းဆီးသွားတယ်။ နောက်ပြန် ကြိုးတုတ်ခံရတဲ့သူက နှိက်စက်ထားရတယ်လို့ သိရတယ်"ဟု နီးစပ်သူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့ ၂နာရီဝန်းကျင် ရှမ်းကလုံးကျေးရွာ၊ ဘုန်းကြီးကျောင်းအတွင်း အင်အား ၁၀၀ ဝန်းကျင်ဝင်ရောက်လာကာ ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေသောသူများအား မိမိနေအိမ်ပြန်ခိုင်းခဲ့သည့်အပြင် အသက်ကြီးပိုင်းနဲ့ စစ်ရှောင်များအား အကူညီပေးနေသူအချို့ကို စစ်မေးမြန်းပြီးနောက် ယခုကဲ့သို့ ဒေသခံ ၃ဦး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ဖမ်းဆီးခံသွားရသူများသည် လူလတ်ပိုင်းနှစ်ဦးနှင့် အသက် ၂၀ ဝန်းကျင် လူငယ် ၁ဦးဖြစ်ကြောင်း သိရသည်။

ရှမ်းကလုံးကျေးရွာတွင်း စစ်ကောင်စီတပ်သည် ယခင်ရက်များလည်း ဝင်ရောက်စစ်ဆေးမူများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့တဲ့သုံးရက်ခန့် တောထဲ‌‌ယာခင်းလုပ်ကာ နေထိုင်သည့် ရှမ်းကလုံးရွာသားတဦးနဲ့တခြားရွာသားတစ်ဦးအား လမ်းပြအဖြစ် ခေါ်ဆောင်ခဲ့ဖူးကာ ပြန်လည်လွက်ခဲ့ဖူးကြောင်း ‌နီးစပ်သူများက ဆိုသည်။

သို့သော် ယနေ့ဖမ်းခံရသည့် သူများသည် လမ်းပြအဖြစ်ခေါ်ဆောင်သွားခြင်းမျိုးမဟုတ်ဘဲ စစ်ဆေးပြီးနောက် ၎င်းတို့မသ်ကာသည့်အတွက် ဖမ်းသွားခြင်းဖြစ်ပြီး ပြန်လည်လွှတ်ပေးနိုင်ခြေ မရှိနိုင်ကြောင်း နီးစပ်သူများက သုံးသပ်ပြောဆိုသည်။

ရှမ်းကလုံးရွာသည် ကောလင်းနယ်၏ အနောက်ချမ်းတွင် တည်ရှိပြီး အိမ်ခြေပေါင်း ၄၀၀နီးပါးခန့်ရှိသည့် ကျေးရွာဖြစ်သည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလမှစကာ အင်တာနက်ဖုန်းလိုင်းများဖြတ်တောက်လိုက်သည့် ပြည်နယ်၊တိုင်းများအနက် စစ်ကိုင်းတိုင်းသည် အများဆုံးဖြတ်တောက်ခံထားရဆဲဖြစ်သည်။


Kachin News Group 

https://www.facebook.com/theKachinNews

ကောလင်းမြို့နယ်၊ ရှမ်းကလုံးကျေးရွာမှ ဒေသခံပြည်သူ ၃ဦး စစ်ကောင်စီဖမ်းဆီးသွား ကောလင်းမြို့နယ်၊ ရှမ်းကလုံးကျေးရွာမှ ဒေသခံပြည်သူ ၃ဦး စစ်ကောင်စီဖမ်းဆီးသွား Reviewed by THITHTOOLWIN on 20:34 Rating: 5

No comments:

Powered by Blogger.