ပုသိမ် ချောင်းသာလမ်းမှာ စစ်ကောင်စီဝန်ကြီးယာဥ်တန်း သေနတ်နဲဝိုင်းပစ်ခံရ

ပုသိမ်မှာ ရဲတပ်ဖွဲ့ကပြီးခဲ့တဲ့ သြဂုတ်လက လုံခြုံရေးယူထားပြီးစစ်ဆေးနေစဥ်

ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်မှာ နိုဝင်ဘာ၁၅ရက်နေ့ ညနေပိုင်းက ချောင်းသာဘက်ကနေ ပုသိမ်ကိုပြန်လာတဲ့ စစ်ကောင်စီပြည်ထောင်စုဝန်ကြီးတစ်ဦး လိုက်ပါလာတဲ့ယာဉ်တန်း သေနတ်နဲ့ ဝိုင်းပစ်တာ ခံခဲ့ရတယ်လို့ ဒေသခံတွေကတစ်ဆင့် သိရပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာကတော့ ပုသိမ်မြို့နယ်နဲ့ ၁၅ မိုင်ခန့်ဝေးတဲ့ ရှောပြာကျေးရွာအလွန် ခြောက်ကောင်ကျေးရွာအနီးမှာ ဖြစ်ပြီးတော့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ၃နာရီလောက်က ပစ်ခတ်ခံရတာဖြစ်ကြောင်း ဟိုတယ်ခရီး ပြည်ထောင်စုဝန်ကြီး ထိခိုက်ဒဏ်ရာရတယ်လို့ ကြားရတာရှိပေမဲ့ သီးခြားအတည်မပြုနိုင်ကြောင်းလည်း သူတို့က ပြောပါတယ်။

သေနတ်သံ အချက် ၃၀ ခန့် ပစ်ခတ်တာကြားခဲ့ရပြီးတော့ မိနစ်ပိုင်းပဲ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း သူတို့က ပြောပါတယ်။

ဒီယာဥ်တန်းဟာ စစ်ကောင်စီ ဟိုတယ်ခရီးဝန်ကြီးနဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့ ချောင်းသာကမ်းခြေ ဖွင့်ပွဲသွားပြီး ပြန်လာတဲ့ ယာဥ်တန်းလို့လည်း သတင်းတွေ ထွက်နေပါတယ်။

ပစ်ခတ်မှုကြောင့် ကားမှန်တွေ ကွဲသွားခဲ့ကြောင်း စစ်ကောင်စီယာဉ်တန်းက ကား ၇ စီးဟာ မီးခိုးတွေထွက်နေခဲ့ပြီး ပုသိမ်ဘက်ကို အတင်း ပြန်မောင်းပြီးပြန်ဝင်လာခဲ့တာကိုတွေ့ရကြောင်းလည်း ပုသိမ်ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ပုသိမ် ချောင်းသာလမ်းကို ပိတ်လိုက်ပြီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့ ကျေးရွာနဲ့အနီးတဝိုက်ကို စစ်ကားနဲ့ ရဲကား ၃၀လောက် ဆင်းသွားပြီးပိတ်ဆို့ထားကာ ဒေသခံတချို့ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဆိုင်ကယ်စီးခရီးသွားအချို့နဲ့ ရှောပြာရွာက ပိုက်ကျော်ခြင်းနည်လှည့်ခတ်နေသူ လူငယ်အချို့ကို ဖမ်းထားတယ်လို့ သိရကြောင်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

BBC Burmese 

ပုသိမ် ချောင်းသာလမ်းမှာ စစ်ကောင်စီဝန်ကြီးယာဥ်တန်း သေနတ်နဲဝိုင်းပစ်ခံရ ပုသိမ် ချောင်းသာလမ်းမှာ စစ်ကောင်စီဝန်ကြီးယာဥ်တန်း သေနတ်နဲဝိုင်းပစ်ခံရ Reviewed by THITHTOOLWIN on 07:31 Rating: 5

No comments:

Powered by Blogger.