လက်နက်ကြီးထိမှန်မှုကြောင့် ဘုရားကျောင်း ၇ ကျောင်း ပျက်စီး



ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းနဲ့ ရှမ်းပြည်တောင်ပိုင်း ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ကျည်ထိမှန်မှုကြောင့် ကတ်သလစ်ဘုရားကျောင်း ၆ကျောင်းနဲ့ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း ပျက်စီးသွားတယ်လို့  PKPF Information Center က ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ထားတဲ့ စာရင်းအရ ဒီးမော့ဆိုမြို့မှာ မေလအတွင်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ အချိန်မှစ ယနေ့အချိန်ထိ(နိုဝင်ဘာလ ၁၂ရက်နေ့)  စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှု စာရင်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ ငယ် ရမ်းသန်းပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ်ရှိ ယေဇူးရွှေနှလုံးတော် ဘုရားကျောင်း နှစ်ကြိမ်၊ လွိုင်ကော်မြို့နယ်တွင်းရှိ ကယန်းသာယာဘုရားကျောင်း တစ်ကြိမ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ၆မိုင်ဘုရားကျောင်း နှစ်ကြိမ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စိန်ဂျိုးဇက်ဘုရားကျောင်း တစ်ကြိမ်၊ ဒေါငံခါး ငြိမ်းချမ်းရေးဘုရင်မ ဘုရားကျောင်း တစ်ကြိမ်၊ ဒီးမော့ဆို နှစ်ခြင်းဘုရားကျောင်း တစ်ကြိမ်၊ ဖရူဆိုဘုရားကျောင်း တစ်ကြိမ် ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ်  ကယန်းသာယာ ဘုရားကျောင်းမှာ ပုန်းခိုနေတဲ့ ပြည်သူ ၄ ဦး  ထိမှန်သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။ 

ဘာသာရေးအဆောက်အအုံအပြင် ဒေသခံပြည်သူနေအိမ် အများအပြားလည်း ထိမှန်ပျက်စီးမှု အများအပြားရှိသလို စစ်ကောင်စီတပ်မှ တမင်မီးရှို့ဖျက်ဆီးလိုက်တဲ့ နေအိမ်တွေလည်း အများအပြား ရှိလာပါတယ်။




Photo - PKPF Information Center


Kantarawaddy Times 

လက်နက်ကြီးထိမှန်မှုကြောင့် ဘုရားကျောင်း ၇ ကျောင်း ပျက်စီး လက်နက်ကြီးထိမှန်မှုကြောင့် ဘုရားကျောင်း ၇ ကျောင်း ပျက်စီး Reviewed by THITHTOOLWIN on 20:16 Rating: 5

No comments:

Powered by Blogger.