သန်လျင်တွင် အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူး တစ်ဦး ပစ်သတ်ခံရ

Photo - ပစ်သတ်ခံရသည့် ရာအိမ်မှူး မောင်ကြင်/Thanlyin Channel

သန်လျင်၊ နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်း အနောက်ရပ်ကွက်၏ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူး မောင်ကြင် ဆိုသူသည် ယနေ့ နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီကျော်က သေနတ်ဖြင့် ပစ်သတ်ခံရ​​ကြောင်း ဒေသခံများက ပြောသည်။

" မောင်ကြင်က မနက်က အောင်သုခလမ်းကို သွားတဲ့အချိန်မှာ ပစ်သတ်ခံရတာပါ။ အောင်သုခလမ်းက လွင် အိမ်ဆောက်ပစ္စည်းဆိုင်ရှေ့လောက်မှာ ပစ်ခံရတာပါ။ ခေါင်းကို နှစ်ချက်ပစ်ခံလိုက်ရတယ် ကြားတယ်။ နေရာမှာတင် ပွဲချင်းပြီး သေ သွားပါတယ် " ဟု မြို့ခံတစ်ဦးက ပြောသည်။

ပစ်သတ်ခံရသူ မောင်ကြင်သည် စစ်ကောင်စီနှင့် ပူးပေါင်း၍ တော်လှန်ရေး လူငယ်များကို ဖမ်းဆီးရာ၌ ကူညီပေးသူ ဒလန်တစ်ဦးဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို သန်လျင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ( TLPDF) က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး မြို့နေ ပြည်သူများ၏ တိုင်ကြားမှုကြောင့် မောင်ကြင်ကို စုံစမ်းစစ်ဆေးကာ သုတ်သင်ရှင်းလင်းခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။

လက်ရှိတွင် အခင်းဖြစ်ပွားရာ နေရာ၌ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး အရပ်ဝတ်များဖြင့်လည်း ရပ်ကွက်ကို လှည့်ပတ်နေကြောင်း ဒေသခံအချို့က ဆိုသည်။


Lu Nge Khit

သန်လျင်တွင် အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူး တစ်ဦး ပစ်သတ်ခံရ သန်လျင်တွင် အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူး တစ်ဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 21:04 Rating: 5

No comments:

Powered by Blogger.