မိုးကုတ် စူပါကော်ဖီမစ်ရုံးကို သေနတ်သမားများ စီးနင်း၊ မန်နေဂျာကို သတ်ပြီး ငွေများ လုယက်သွားဟုဆို


နိုဝင်ဘာ - ၂၅ 

မန္တလေးတိုင်း မိုးကုတ်မြို့ရှိ စူပါကော်ဖီမစ်ရုံးကို ယနေ့ နိုဝင်ဘာ(၂၅)ရက် နံနက်ပိုင်းတွင် လက်နက်ကိုင် သေနတ်သမားများ ဝင်ရောက်စီးနင်းခဲ့ပြီး မန်နေဂျာကို ပစ်သတ်ကာ ငွေများ လုယက်သွားကြောင်း ဒေသခံများက MFP သို့ ပြောသည်။ 

မိုးကုတ်မြို့ မင်းတံတားရပ်ကွက် ခါတော်မှီကျောင်းအနီးရှိ စူပါကော်ဖီမစ်ရုံးသို့ သေနတ်သမားများက စီးနင်းပစ်ခတ်ခဲ့သဖြင့် မန်နေဂျာ သေဆုံးကာ ရုံးရှိ ငွေများကိုလည်း ယူဆောင်သွားသည်ဟု ဆိုသည်။ 

"သေနတ်နဲ့ ငါးချက် မန်နေဂျာကို ပစ်သတ်သွားတယ်။ ရုံးထဲက ငွေတွေလည်း ယူသွားတယ်။ သူတို့(ရုံး)က OK ငွေလွှဲလည်း လုပ်တယ်ပြောတယ် " ဟု မိုးကုတ်ဒေသခံတစ်ဦးက MFP သို့ပြောသည်။ 

အဆိုပါ ခါတော်မှီရပ်ကွက်တွင် စစ်ကောင်စီ လက်နက်ကိုင်များ ကင်းချထားလေ့ရှီသလို မန္တလေးမြို့အနှံ့တွင် စစ်ကောင်စီ လက်နက်ကိုင်များ ကင်းပတ်လှည့်လည်နေချိန် အထက်ပါ ကော်ဖီမစ်ရုံး စီးနင်းခံရကာ လူသတ် လုယက်ခံရခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီ လက်နက်ကိုင်များက စူပါကော်ဖီမစ်ရုံးအနီးတွင် လုံခြုံရေး အများအပြားဖြင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြို့ခံများက ဆိုသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မိုးကုတ်မြို့ ပိတ်ဆွယ်ရပ်ကွက် ညောင်ပင်ဈေးအနီးရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီအဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့သေးသလို မိုးကုတ်မြို့နေ အသက်(၁၆)နှစ်အရွယ် (၁၀)တန်းကျောင်းသူကိုလည်း ယူနီဖောင်းဝတ် စစ်သားလေးဦးက ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့သေးသည်။


Mandalay Free Press - MFP

မိုးကုတ် စူပါကော်ဖီမစ်ရုံးကို သေနတ်သမားများ စီးနင်း၊ မန်နေဂျာကို သတ်ပြီး ငွေများ လုယက်သွားဟုဆို မိုးကုတ် စူပါကော်ဖီမစ်ရုံးကို သေနတ်သမားများ စီးနင်း၊ မန်နေဂျာကို သတ်ပြီး ငွေများ လုယက်သွားဟုဆို Reviewed by THITHTOOLWIN on 20:18 Rating: 5

No comments:

Powered by Blogger.