သန်လျင်မြို့က မြဝတီဘဏ် မိုင်းခွဲခံရ၊ စစ်သားတချို့ ဒဏ်ရာရ


ရန်ကုန်တိုင်း သန်လျင်မြို့နယ်က စစ်တပ်ပိုင် မြဝတီဘဏ်အတွင်းမှာ နိုဝင်ဘာ ၂၄ ရက် ဒီကနေ့ နေ့ လယ် ၃ နာရီခွဲက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဒေသခံကာကွယ်ရေးတပ် PDF အဖွဲ့က အဲဒီဘဏ်ထဲမှာ မိုင်းထောင်ထားခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဘဏ်ထဲရောက်လာချိန်မှ ပေါက်ကွဲခဲ့တာလို့ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"မိုင်းက မနက်တည်းက ထောင်ခဲ့တာ Error တက်ပြီး မပေါက်ကွဲဘူး၊ ကျနော်တို့လည်း မပေါက်တော့ဘူး ထင်နေတာ၊ နေ့လည်ကျတော့ စစ်ကောင်စီတပ်တွေ ကားရပ်ပြီး ဘဏ်ထဲဝင်သွားတော့မှ ပေါက်တော့ ရေကန်အသင့် ကြာအသင့်လိုပဲ ဖြစ်သွားတယ်"

အဲဒီပေါက်ကွဲမှုကြောင့် ဘဏ်ထဲမှာရှိနေတဲ့သူတွေ ထိခိုက်ဒဏ်ရာ ရှိ၊ မရှိ ပျက်စီးဆုံးရှုံးမှု အခြေအနေ  အသေးစိတ်ကို RFA က အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။

အဲဒီမြဝတီဘဏ်ဟာ သန်လျင်မြို့မဈေးရဲ့ အနောက်ဘက်မှာရှိပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကမှ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

RFA Burmese 

သန်လျင်မြို့က မြဝတီဘဏ် မိုင်းခွဲခံရ၊ စစ်သားတချို့ ဒဏ်ရာရ သန်လျင်မြို့က မြဝတီဘဏ် မိုင်းခွဲခံရ၊ စစ်သားတချို့ ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:55 Rating: 5

No comments:

Powered by Blogger.