မင်းကင်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေး ဒလန်အမျိုးသမီးတစ်ဦး အသတ်ခံရပြီး စကစနှင့် ပျူစောထီးများ ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်



မျက်မှောက်ခေတ်၊နိုင်ဝင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ကူလဲကျေးရွာက စစ်ကောင်စီကိုသတင်းပေး တိုင်ကြားနေတဲ့  အမျိုးသမီးတစ်ဦးကို ဒီကနေ့ အောက်တိုဘာ ၁၁ ရက်မနက်အစောပိုင်း ၂ နာရီ၀န်းကျင်က အမည်မသိအဖွဲ့တစ်ဖွဲ့က ဝင်ရောက်သတ်ဖြတ်တာခံလိုက်ရတယ်လို့သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ယောကျာ်းဖြစ်သူက လွတ်မြောက်သွားပြီး နေ့ခင်း ၁ နာရီ၀န်းကျင်မှာတော့ စကစနဲ့ပျူစောထီးအဖွဲ့တွေရောက်လာကာ ကျေးရွာအတွင်းကို ဝင်ရောက်မွှေနှောက်ခဲ့သလို နေအိမ်တစ်လုံးကိုလည်း ဖျက်ဆီးထာခဲ့တယ်လို့ အဲ့ဒီအနီးဝန်းကျင်က ဒေသခံတစ်ဦးက ပြောပါတယ်။

"အဲ့ဒီအမျိုးသမီးက ဒလန်ပါ ဦးဆန်းဝင်း အမျိုးသမီးရဲ့တူမလိုသိရတယ်ည ၂နာရီလောက်ကအသတ်ခံရတာယောကျာ်းကတော့လွတ်သွာတယ် ဒလန်ရှင်းတာဆိုတော့ မိုးကြိုးမုန်တိုင်းအဖွဲ့ လို့တောထင်တာပဲ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နေ့ခင်းမှာ စစ်ကောင်စီနဲ့ပျူစောထီးခေါင်းဆောင် ဦးဆန်းဝင်း ကိုယ်တိုင် ပါတယ်။ ၆ အိမ်ကို ၁ အိမ်ကတော့ ရိုတ်ဖျက်ထားခဲ့တယ် ကျန်တဲ့ ၅ အိမ်ကတော့ အကုန်ဝင်မွှေခံရတယ် ဘာပစ္စည်းတွေပါသွားလဲတော့မသိသေးဘူး လို့ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ကူလဲကျေးရွာသား (၂)ယောက်ကိုလမ်းပြအဖြစ်ခေါ်ဆောင်ခဲ့ပြီး ကျေးရွာရဲ့ ဝင်ပေါက် ထွက်ပေါက်တွေ ပြခိုင်းကာ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း ဆဲဆိုသွားတယ်လို့ အဲ့ဒီအနီးဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံပြည်သူ တစ်ဦးက ပြောပါတယ်။


မျက်မှောက်ခေတ် 

မင်းကင်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေး ဒလန်အမျိုးသမီးတစ်ဦး အသတ်ခံရပြီး စကစနှင့် ပျူစောထီးများ ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက် မင်းကင်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေး ဒလန်အမျိုးသမီးတစ်ဦး အသတ်ခံရပြီး စကစနှင့် ပျူစောထီးများ ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက် Reviewed by THITHTOOLWIN on 19:28 Rating: 5

No comments:

Powered by Blogger.