တရုတ်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ခေါင်းဆောင် မပါ၀င်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခွင့်ရဖို့ တရုတ်ဘက်ကကြိုးစားညှိနှိုင်းခဲ့တယ်လို့ စစ်ကောင်စီပြော

တရုတ်နဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေ ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်မှာ အွန်လိုင်းကနေ တွေ့ဆုံကြတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မပါဝင်ဘူးလို့ သိရပါတယ်။

တရုတ်-အာဆီယံထိပ်သီးဆွေးနွေးပွဲကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မတက်ရောက်ဘူးဆိုတာကိုသိတဲ့ သတင်းရင်းမြစ်တချို့ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သတင်းဖော်ပြလာတာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးအစား မြန်မာရဲ့တရုတ်နိုင်ငံဆိုင်ရာသံတမန်ပဲ ကိုယ်စားပြုတက်ရောက်ဖို့ရှိနေခဲ့တယ်လို့လည်း အစည်းအဝေးတက်တဲ့နိုင်ငံတွေရဲ့အစိုးရအဖွဲ့တွေမှာ တာဝန်ထမ်းနေသူ သတင်းရင်းမြစ်တွေကပြောတယ်လို့လည်း သတင်းကဆိုပါတယ်။

စစ်ကောင်စီဘက်တော့ ဒီထိပ်သီးဆွေးနွေးပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခွင့်ရဖို့ တရုတ်ဘက်က အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ အာဆီယံနိုင်ငံတချို့ကတော့ နိုင်ငံရေးရာထူးမဟုတ်သူကိုပဲ တက်ရောက်ခိုင်းတဲ့အတွက် ကိုယ်စားလှယ်စေလွှတ်ခြင်းမရှိတော့တာလို့ ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် တရုတ်ပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲ(GMS)နိုင်ငံတွေဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေလည်းဖြစ်ကြတဲ့ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကြား ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြပေမဲ့ တချို့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာတော့ အဆူအဆ၊ အယူဝါဒကွဲပြားမှုတွေရှိနေတယ်လို့ စစ်ကောင်စီဘက်က ပြန်လည်တုံ့ပြန်ထားပါတယ်။

BBC Burmese

တရုတ်နဲ့မြန်မာအပါအ၀င် အာဆီယံအဖွဲ့ဝင် ၅ နိုင်ငံလည်းပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲထိပ်သီးဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောခဲ့


တရုတ်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ခေါင်းဆောင် မပါ၀င် တရုတ်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ခေါင်းဆောင် မပါ၀င် Reviewed by THITHTOOLWIN on 16:57 Rating: 5

No comments:

Powered by Blogger.