မြိတ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်တွေ ပစ်ခတ်ဖမ်းဆီး


မော်လမြိုင်၊ နိုဝင်ဘာ ၁၇

တနင်္သါရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ဆိုင်ကယ်တစ်စီးထဲအတူစီးနင်းလာတဲ့ အမျိုးသားနှစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်နှင့် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။

ဒီကနေ့ ညနေ ၅ နာရီကျော်ခန့်က မြိတ်မြို့ပေါ်ရပ်ကွက်တစ်ခုမှာ ဆိုင်ကယ်အတူ စီးနင်မောင်းနှင်လာတဲ့ လူငယ်ပိုင်းအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်ပစ်ခတ်ဖမ်းဆီးကာ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

" လုံခြုံရေးယူနေတဲ့ စစ်သားတွေက ဆိုင်ကယ်မောင်းလာတဲ့ လူငယ်နှစ်ဦးကို တွေ့တော့ သေနတ်နဲ့လှမ်းပစ်တာ၊ ထိတော့ မထိသွားဘူး၊ သူတို့ ကြောက်ကြောက်နဲ့ ဆိုင်ကယ်ရပ်ပေးလိုက်တယ်။ စစ်သားတွေက ဝိုင်းရိုက်တာခံလိုက်ရတယ်၊ ပြီးတော့ ဖမ်းခေါ်သွားတာပဲ" ဟု ၎င်း ကပြောသည်။

လက်ရှိဖမ်းဆီးခံထားရတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီက ငွေကြေးနဲ့ လာရွေးဖို့ သက်ဆိုင်ရာမိသားစုဝင်တွေထံ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

မြိတ်မြို့မှာ စစ်ကောင်စီရဲ့ ဆိုင်ကယ်စီးနင်းမှု ကန့်သတ်ချက်တွေကြောင့် ဒီကနေ့မှာ ၎င်းတို့နှစ်ဦးအပြင် ပြည်သူတချို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

​မြိတ်မြို့မှာတော့ ဆိုင်ကယ်တစ်စီးမှာ အမျိုးသားနှစ်ဦးစီးနင်းခွင့်နဲ့ အမျိုးသမီးမောင်းနှင်ပြီး အမျိုးသားလိုက်ပါစီးနင်းခွင့်ကို နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ပညာပေးကာလအဖြစ်သတ်မှတ်ထားပြီး အဲနောက်ပိုင်းမှာ အမေးအမြန်းမရှိ ပစ်ခတ်ဖမ်းဆီးမယ်လို့ အာဏာသိမ်းစစ်ကောင်စီက လိုက်လံကြေညာထားပါတယ်။


သတင်း - သံလွင်တိုင်းမ်

မြိတ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်တွေ ပစ်ခတ်ဖမ်းဆီး မြိတ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်တွေ ပစ်ခတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 04:56 Rating: 5

No comments:

Powered by Blogger.